Monday, June 8, 2026

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း...

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄...

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း...

ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက်...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင် ၆...
HomeNewsLocal Newsကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)...

ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin) အတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် နေရာများ ရှာဖွေဖော် ထုတ်နိုင်ရန် ပဏာမစူးစမ်းလေ့လာမှု

ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့်နေရာများ ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ပထမအကြိမ် ပဏာမစူးစမ်းလေ့လာခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့အား စခန်းချအောင်နိုင်ရေးအလံကို စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရန်အတွက် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္က သိုလ်တို့မှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးမှုများမှတဆင့် နယ်ပယ်စုံမှ ပါဝင်သည့် “စွမ်းအင်ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ပြီး ယခုကဲ့သို့ “University – Industry – Research & Development Tripartite Collab oration” ပုံစံ ဖြင့် ပူးပေါင်းဆောင်ရွက်စေခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ကကုန်းတွင်းရေနံမြေများ ရှာဖွေဖော်ထုတ်ရာတွင် အနေအထား ဘူမိဗေဒ (Structural Geology) လေ့လာရန်အတွက် ကောင်းကင်ဓာတ်ပုံ (Aerial Photo) များကိုသာ အသုံးပြုခဲ့ရပြီး ယခုအခါ တိုးတက်လာသည့် Remote Sensing နည်းပညာများကို အသုံးပြုပြီး Satellite Image များကို အသုံးပြုလာနိုင်သဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေရာတွင် အထောက်အကူပြုလာနိုင်ပြီး ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။

နိုင်ငံအတွင်း ကုန်းတွင်း အနည်ကျ ချိုင့်ဝှမ်း (၁၄) ခုရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကောင်းစွာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ်ရသေးသည့် အနည်ကျချိုင့်ဝှမ်း (၉)ခုရှိကာ ကလောအနည်ကျချိုင့်ဝှမ်း (Kalaw Basin)တွင် ယခုကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယခုကွင်းဆင်းလေ့လာခြင်းသည် ပဏာမစူးစမ်း လေ့လာခြင်း အဆင့်သာဖြစ်ကြောင်း သိရသည်။

ယခုအစီအစဉ်သည် အခက်အခဲများကြားမှ ရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချ၍ နိုင်ငံတော်အတွက် အဖိုးထိုက်တန်သော ရေနံမြေသစ်တစ်ခု ရှာဖွေဖော်ထုတ်နိုင်မည့် ကွင်းဆင်းလေ့လာမှုမှတ်တမ်း (Field Report) တစ်ခုရရှိအောင် အတူတကွပူးပေါင်းဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် တို-က်တွန်းလိုကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း မိခင်သေဆုံး၊ သားဖြစ်သူ ဒဏ်ရာရမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်နေစဉ် သားဖြစ်သူက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက် Light Truck ကားမောင်းသူသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ ဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့၍ Light Truck ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ် ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းမှသယ်ထုတ်ပေးခဲ့ကြပြီးနောက် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား မြောက်က္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ မိနစ် ၁၅ ခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတံတားသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071