Monday, August 3, 2026

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်တို့...

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့ ယနေ့ သြဂုတ် ၃ ရက်နံနက် ၉...

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀)...

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့...
HomeNewsLocal Newsကရင်အမျိုးသားများအနေဖြင့်လူမျိုးကြီးဝါဒ ကြီးစိုး မှုနှင့်...

ကရင်အမျိုးသားများအနေဖြင့်လူမျိုးကြီးဝါဒ ကြီးစိုး မှုနှင့် အာဏာရှင်စနစ်အမျိုးမျိုးတို့ကို အပြီးတိုင်ချုပ်ငြိမ်းစေရန်တိုင်းရင်းသားအသီးသီးနှင့် လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဟု ခြွင်းချက်မရှိ ယုံကြည်

ကရင်အမျိုးသားများအနေဖြင့်လူမျိုးကြီးဝါဒ ကြီးစိုး မှုနှင့် အာဏာရှင်စနစ်အမျိုးမျိုးတို့ကို အပြီးတိုင်ချုပ်ငြိမ်းစေရန်တိုင်းရင်းသားအသီးသီးနှင့် လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဟု ခြွင်းချက်မရှိ ယုံကြည်

ကရင်အမျိုးသားများအနေဖြင့်လူမျိုးကြီးဝါဒ ကြီးစိုး မှုနှင့် အာဏာရှင်စနစ်အမျိုးမျိုးတို့ကို အပြီးတိုင်ချုပ်ငြိမ်းစေရန်တိုင်းရင်းသားအသီးသီးနှင့် လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဟု ခြွင်းချက်မရှိ ယုံကြည်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)မှ ဖေ​​ဖော်ဝါရီလ ၁၁ ရက်တွင်ကျရောက်သည့် (၇၄) နှစ်မြောက် ကရင့်အမျိုးသားနေ့ဂုဏ်ပြုသဝဏ်လွှာ တွင်ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ကရင်အမျိုးသားနေ့ အခါသမယသည် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိအမြင်နိုးကြားမှုနှင့် အမျိုးသားစုစည်းညီ ညွတ်မှု အစရှိသည့် အမျိုးသားရေးသန္နိဌာန်များကို အထင်အရှား ထုတ်ဖော်ပြသနိုင်ခဲ့သည့် အနှစ်သာရ ပြည့်ဝသော နေ့တစ်နေ့ ဖြစ်သည်။ ကရင်အမျိုးသားတို့သည် လွတ်လပ်ရေးမရမီကတည်းက နိုင်ငံရေးနိုးကြားသူများဖြစ်ပြီး အမျိုးသားလွတ် မြောက်မှုတော်လှန်ရေးလှုပ်ရှားမှုများ စတင်ချိန် ၁၉၄၉ ခုနှစ်တွင်လည်း ဦးဆောင်ဦးရွက်ပြုခဲ့သော အမျိုးသားတော်လှန်ရေး သမိုင်းကိုလည်း မှတ်တမ်းတင်ရမည် ဖြစ်ကြောင်းပြောဆိုထားသည်။

နောက်ပိုင်းတွင် ခေတ်အဆက်ဆက် တိုင်းရင်းသားတပ်ပေါင်းစုအသီးသီးတွင် နှစ်ရှည်လများ ဦးဆောင်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါ်ပေါက်လာချိန်တွင်လည်း ဘဝတူညီနောင် (၇) ဖွဲ့ကို ဦးဆောင် ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလည်း ရှေ့တန်းက လက်မှတ်ရေးထိုးခဲ့သော ကရင် အမျိုးသားတော်လှန်ရေးအဖွဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)ကိုလည်း ဂုဏ်ပြုကြောင်းထည့်သွင်းပြောဆိုခဲ့သည်။

ကရင်တမျိုးသားလုံးအနေဖြင့် ကရင်အမျိုးသားနေ့၏ ခိုင်မာပြတ်သားသော သန္နိဌာန်များဖြင့် ဗမာလူမျိုးကြီးဝါဒ ကြီးစိုး မှုနှင့် အာဏာရှင်စနစ်အမျိုးမျိုးတို့ကို အပြီးတိုင်ချုပ်ငြိမ်းစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် စစ်မှန် သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန်အတွက် မြန်မာပြည်တဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူလူ ထုအလွှာအသီးသီးနှင့် လက်တွဲပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ခြွင်းချက်မရှိ ယုံကြည်ကြောင်း ဖော်ပြပြောဆိုခဲ့သည်။

Zaw Gyi






Ads Space Available


Continue reading

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆) ရေစီးနောက်မျောပါ

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရသည်။ ပျက်စီးသွားသည့် တံတားမှာ လေးမျက်နှာမြို့နယ်၊ လက်သမား (ကရင်) ကျေးရွာအနီး မိုင်တိုင်အမှတ် (၆) မိုင် (၃) ဖာလုံနှင့် (၆) မိုင် (၄) ဖာလုံအကြား တည်ရှိသည့် အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ကွန်ကရစ်ရေနုတ်ပြွန်တံတားဖြစ်ပြီး ငဝန်ရေကာတာကျိုးပေါက်မှုကြောင့်...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ တိုးမြှင့်

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရန် ယခုကဲ့သို့ နောက်ဆုံးအကြိမ် ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်နှင့် ယခင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် ဩဂုတ် ၁၄ ရက်အထိ (စနေနှင့် တနင်္ဂနွေ မပါ) သက်ဆိုင်ရာ တက္ကသိုလ်များတွင် ကိုယ်တိုင်သွားရောက်၍ ကျောင်းဝင်မှတ်ပုံတင်နိုင်ကြောင်း သိရသည်။ ထို့ပြင် ဩဂုတ် ၁၄ ရက်သည် ကျောင်းအပ်နှံခြင်းအတွက် နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပြီး ယင်းရက်ကျော်လွန်ပါက...

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်တို့ နှစ်ဦးတည်းသီးသန့်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ် Mr. Arnaude de Baqque တို့ ယနေ့ သြဂုတ် ၃ ရက်နံနက် ၉ နာရီက နှစ်ဦးတည်းသီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုကို ICRC မှလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာနှင့် အင်တာနက် ဝက်ဆိုဒ်တို့မှလည်း ယ နေ့ သြဂုတ် ၃ ရက်၌ပင် အသိပေးထုတ်ပြန်ခဲ့သည်။ ICRC ၏ထုတ်ပြန်ချက်တွင် တွေ့ဆုံမှုသည် လွတ်လပ် ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံလည်ပတ်ခြင်းဆိုင်ရာ ICRC ၏ စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071