Monday, January 20, 2025

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး...

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ...

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည်...

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့...
HomeInternationalကယ်လီဖိုးနီးယားတောမီး ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာ

ကယ်လီဖိုးနီးယားတောမီး ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာ

လော့စ်ဆန်းဂျလိစ်တွင် လောင်ကျွမ်းလျက်ရှိသော တောမီး၏ ကျန်းမာရေး အပေါ် အကျိုးသက်ရောက်မှုကို ဖြေရှင်းရန်အတွက် အမေရိကန်ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုဌာန(HHS) က ဇန်နဝါရီ ၁၀ ရက်တွင် ကယ်လီဖိုးနီးယားဒေသ၌ ပြည်သူ့ကျန်းမာရေးအပေါ်အခြေအနေ ကြေညာလိုက်သည်။

တောမီးလောင်ကျွမ်းမှုကြောင့် လော့စ်ဆန်းဂျလိစ်မြို့၏ အရှေ့နှင့် အနောက်ခြမ်းရှိ ရပ်ကွက်များ မီးလောင်ခဲ့ပြီး လက်ရှိအချိန်အထိ လူ ၁၀ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီဖြစ်ကာ အဆောက်အအုံ ၁၀,၀၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။ ‌ေ-သကြေထိခိုက်မှု ကိန်းဂဏန်းများသည် မြင့်တက်လာနိုင်သည်ဟုလည်း ဆိုခဲ့သည်။

အရေးပေါ်ကြေညာချက်သည် Medicare and Medicaid ကျန်းမာရေးအာမခံအစီအစဉ်များတွင် စာရင်းသွင်းထားသူများ၏ အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် ပိုမိုချောမွေ့လွယ်ကူစေသည်ဟု HHS က ပြောဆိုခဲ့သည်။

ဌာန၏ အရေးပါသော ကြိုတင်ပြင်ဆင်မှုနှင့် တုန့်ပြန်မှုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့(ASPR) သည် ပြည်နယ်က တောင်းဆိုလာပါက ဆေးဘက်ဆိုင်ရာပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဝန်ထမ်းများနှင့်အတူ ဖြန့်ကျက်ချထားရန် ပြင်ဆင်ထားသည်ဟု HHS က ပြောကြားခဲ့သည်။

တောမီးလောင်ကျွမ်းမှုကို ကြီးမားသောကပ်ဘေးတစ်ခုအဖြစ် ဇန်နဝါရီ ၈ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့ပြီး အမေရိကန်အစိုးရသည် လာမည့် ခြောက်လအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်ကို ၁၀၀ ရာခိုင်နှုန်း ဖြည့်ဆည်းပေးအပ်သွားမည်ဟု ဆိုခဲ့သည်။ ထို့အပြင် မီးငြိမ်းသတ်ရန်နှင့် ပြန်လည်တည်ဆောက်ရေးအတွက် ကယ်လီဖိုးနီးယားပြည်နယ်က လိုအပ်သော အရင်းအမြစ်များကို ဖြည့်ဆည်းပေးသွားမည်ဟုလည်း ဇန်နဝါရီ ၁၀ ရက်တွင် ဘိုင်ဒင်က ထပ်လောင်းကတိပြုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး (၂) ဦး အသက်ဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ အမျိုးသမီး (၂)ဦး နေရာမှာပင် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည(၆)နာရီ မိနစ်(၂၀)အချိန်ခန့်က မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် လင်းလက်လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်တို-က်ခံရသူ အမျိုးသမီး (၂)...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၂ လမ်းနှင့် ၇၃ လမ်းဒေါင့်ရှိ နှစ်ထပ်နေအိမ်တစ်လုံး၏ အပေါ်ထပ်ဘုရားစင်၌ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ထားရာ ဖယောင်းတိုင်လဲပြီး ဘုရားစင်အခင်းအထပ်သားကို မီးကူးစက်ရာမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ စိတ္တရမဟီအရန်မီးသတ်စခန်း၊ ရန်မျိုးလုံအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်း၊ ပြည်ကြီးပျော်ဘွယ်အနောက်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက်...

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည် မြန်မာ နိုင်ငံအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊လုံခြုံရေးနှင့်တည်ငြိမ်ရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်သည်ဟုလည်းပြောကြားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ နှစ်ဖက်သက်ဆိုင်သူများအနေဖြင့် ရန်လိုမှုများကိုအဆုံးသတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် ဦးစားပေးလုပ်ဆောင်သင့်ပြီး သက်ဆိုင်သူများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးပြုလုပ်ရန် တောင်းဆိုသည်ဟုလည်းဆက်လက်ပြောကြားခဲ့သည်။ အာဆီယံမူဘောင်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကိုဖြေရှင်းရမည်ဖြစ်ကြောင်း မိုဟာမက်ကဆက်လက်ပြောကြားခဲ့ပြီး ဒေသတွင်းအကျိုးစီးပွားများကို စုပေါင်းကာကွယ်ရန်အရေးကြီးသည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071