Tuesday, July 15, 2025

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို...

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင်...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆...

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...
HomeNewsLocal Newsကယားပြည်နယ်ဖြစ်စဥ်မှ စစ်ဘေးရှောင်နှစ်သိန်းနီးပါးရှိလာ ရှမ်းပြည်ဘက်သို့အများဆုံးရောက်ရှိ

ကယားပြည်နယ်ဖြစ်စဥ်မှ စစ်ဘေးရှောင်နှစ်သိန်းနီးပါးရှိလာ ရှမ်းပြည်ဘက်သို့အများဆုံးရောက်ရှိ

ကယားပြည်နယ်ဖြစ်စဥ်မှ စစ်ဘေးရှောင်နှစ်သိန်းနီးပါးရှိလာ ရှမ်းပြည်ဘက်သို့အများဆုံးရောက်ရှိနေ

ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့ပေါ် ၊ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်တို့တွင် ဇန်နဝါရီ ပထမအပတ်မှစတင်၍ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်အတွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် ၁၇၀၀၀၀ ကျော်ရှိပြီဖြစ်ကာ အကူအညီများလိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“ပြီးခဲ့တဲ့တစ်ပတ်ထဲက စစ်တပ်နဲ့ KNPP တို့တိုက်ပွဲတွေဖြစ်တယ် လွိုင်ကော်မြို့ပေါ်မှာပါတိုက်ပွဲဖြစ်တော့ မြို့မှာနေတဲ့လူတွေက သူတို့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ရှမ်းပြည်ဘက်ကိုစ်ရှောင်အနေနဲ့ပြေးလာကြတာပါ လွိုင်ကော်မြို့ထဲမှပဲ တိုက်ပွဲကြားမှာပိတ်မိနေတဲ့သူတွေရှိသေးတယ်လို့ပြန်ကြားရတယ်”ဟုတောင်ကြီးမြို့အခြေစိုက်လူမှုကူညီရေးအသင်း၏ စစ်ဘေးရှောင်များကိုကူညီပေးနေသူတစ်ဦးကပြောသည်။

တိုက်ပွဲကြားတွင်ပိတ်မိနေသူများအား ကယ်ထုတ်လျက်ရှိကာ တိုက်ပွဲဖြစ်ပွားမှုကြောင့် သတိထား ၍ ကူညီကယ်ထုတ်နေရသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ကယားပြည်နယ်ဘက်မှ စစ်ဘေးရှောင်များအ ဖြစ်ရောက်ရှိလာသူများသည် တောင်ကြီးမြို့၊သီပေါမြို့နယ်၊ပင်းတယမြို့နယ်၊ PNLO အဖွဲ့ချုပ်နယ်မြေအတွင်းနှင့်ဟိုပုံး ပအိုဝ်းမတောင်တွင် ပိတ်မိနေသူများသည် နီးစပ်ရာတွင်ယာယီတဲများထိုးကာနေထိုင်လျက်ရှိသည်။

စစ်ဘေးရှောင်များအဖြစ် ရှမ်းပြည်နယ်သို့ရောက်ရှိနေသူများပြားသဖြင့် အခြေခံစားသောက်ကုန်လိုအပ်ချက်များ၊အနွေးထည်၊စောင်၊ခြင်ထောင်၊ခေါင်းအုံးနှင့်အခြားလိုအပ်မှုများရှိနေကာ စစ်ဘေးရှောင်များအတွက် နေရာသီးသန့်မရှိသဖြင့် ဘုရားဝင်းများ၊ဘုန်းတော်ကြီးကျောင်းများ၊စာသင်ကျောင်းများ၊ခရစ်ယာန်ကျောင်းများ၌ နေရာချထားပေး၍ကူညီမှုများပြုလုပ်ပေးနေရသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“တစ်ချို့တတ်နိုင်တဲ့သူတွေကတော့ အိမ်ဌားနေတယ် ဒါပေမဲ့ ရှမ်းပြည်ကလူတွေက ခြံရှိတဲ့လူဆိုရင် သူတို့ခြံထဲမှာနေခိုင်းတယ် အခကြေးငွေမတောင်းဘူး အိမ်အပိုရှိတဲ့လူတွေကလည်း သူတို့အိမ်တွေမှာနေခိုင်းတယ်”ဟုစစ်ဘေးရှောင်ကူညီ သူတစ်ဦးကပြောသည်။

ရှမ်းပြည်သို့စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေသူများထဲတွင် ကိုယ်ဝန်ဆောင်သည်များပါဝင်သဖြင့် ၎င်းတို့အားသီးသန့်ထားရှိနိုင်ရန်ပြင်ဆင်ထားကာ လိုအပ်သည့်ဆေးဝါးများနှင့်မွေးဖွားခါနီးဖြစ်ပါက မွေးခန်းများ၊ဆရာဝန်များ၊ကလေးမွေးဖွားလာပါက မိခင်နှင့်ကလေးငယ်အတွက်လိုအပ်မည့် အနှီးများ၊အဝတ်အစားများ၊ဆေးဝါးများ၊ပေါင်ဒါများအား အဆင်သင့်ဖြစ်စေရန်ကြိုတင်ပြင်ဆင်ပေးထားကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများအား ဇန်နဝါရီ ၁၁ ရက်က Save The Children ၊ Unicef ၊ IRC နှင့်အလှူ ရှင်များက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးခြောက်၊ ဆပ်ပြာ၊ အမျိုးသမီးသုံးပစ္စည်း၊ Mask ၊ လက် ဆေးကန်၊ မိသားစုသုံးပစ္စည်းနှင့်အစားအ သောက်များကို ကူညီထောက်ပံ့ပေးခဲ့သည်။

အလားတူ ရှမ်းပြည်နယ်အတွင်းရှိ အလှူရှင်များမှလည်း စစ်ဘေးရှောင်များအတွက် အခြေခံလို အပ်ချက်များအား လှူဒါန်းပေးလျက်ရှိသည်။ထို့ အတူ ရောက်ရှိနေသည့် စစ်ဘေးရှောင်များထားရှိနိုင်ရန် စစ်ဘေးရှောင်စခန်းများကို အမြန်ဆုံးအ ကောင်အထည်ဖော်၍ ထားရှိသင့်သည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှသိရသည်။

Zaw Gyi

ကယားျပည္နယ္ျဖစ္စဥ္မွ စစ္ေဘးေရွာင္ႏွစ္သိန္းနီးပါးရွိလာ ရွမ္းျပည္ဘက္သို႔အမ်ားဆုံးေရာက္ရွိေန

ကယားျပည္နယ္အတြင္းရွိ လြိဳင္ေကာ္ၿမိဳ႕ေပၚ ၊ဒီးေမာ့ဆိုႏွင့္ဖ႐ူဆိုၿမိဳ႕နယ္တို႔တြင္ ဇန္နဝါရီ ပထမအပတ္မွစတင္၍ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ရွမ္းျပည္နယ္အတြင္းသို႔ ေရာက္ရွိလာသည့္ စစ္ေဘးေရွာင္ ၁၇၀၀၀၀ ေက်ာ္ရွိၿပီျဖစ္ကာ အကူအညီမ်ားလိုအပ္လ်က္ရွိသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

“ၿပီးခဲ့တဲ့တစ္ပတ္ထဲက စစ္တပ္နဲ႔ KNPP တို႔တိုက္ပြဲေတြျဖစ္တယ္ လြိဳင္ေကာ္ၿမိဳ႕ေပၚမွာပါတိုက္ပြဲျဖစ္ေတာ့ ၿမိဳ႕မွာေနတဲ့လူေတြက သူတို႔နဲ႔အနီးစပ္ဆုံးျဖစ္တဲ့ ရွမ္းျပည္ဘက္ကိုစ္ေရွာင္အေနနဲ႔ေျပးလာၾကတာပါ လြိဳင္ေကာ္ၿမိဳ႕ထဲမွပဲ တိုက္ပြဲၾကားမွာပိတ္မိေနတဲ့သူေတြရွိေသးတယ္လို႔ျပန္ၾကားရတယ္”ဟုေတာင္ႀကီးၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္း၏ စစ္ေဘးေရွာင္မ်ားကိုကူညီေပးေနသူတစ္ဦးကေျပာသည္။

တိုက္ပြဲၾကားတြင္ပိတ္မိေနသူမ်ားအား ကယ္ထုတ္လ်က္ရွိကာ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ သတိထား ၍ ကူညီကယ္ထုတ္ေနရသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

ကယားျပည္နယ္ဘက္မွ စစ္ေဘးေရွာင္မ်ားအ ျဖစ္ေရာက္ရွိလာသူမ်ားသည္ ေတာင္ႀကီးၿမိဳ႕၊သီေပါၿမိဳ႕နယ္၊ပင္းတယၿမိဳ႕နယ္၊ PNLO အဖြဲ႕ခ်ဳပ္နယ္ေျမအတြင္းႏွင့္ဟိုပုံး ပအိုဝ္းမေတာင္တြင္ ပိတ္မိေနသူမ်ားသည္ နီးစပ္ရာတြင္ယာယီတဲမ်ားထိုးကာေနထိုင္လ်က္ရွိသည္။

စစ္ေဘးေရွာင္မ်ားအျဖစ္ ရွမ္းျပည္နယ္သို႔ေရာက္ရွိေနသူမ်ားျပားသျဖင့္ အေျခခံစားေသာက္ကုန္လိုအပ္ခ်က္မ်ား၊အေႏြးထည္၊ေစာင္၊ျခင္ေထာင္၊ေခါင္းအုံးႏွင့္အျခားလိုအပ္မႈမ်ားရွိေနကာ စစ္ေဘးေရွာင္မ်ားအတြက္ ေနရာသီးသန္႔မရွိသျဖင့္ ဘုရားဝင္းမ်ား၊ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊စာသင္ေက်ာင္းမ်ား၊ခရစ္ယာန္ေက်ာင္းမ်ား၌ ေနရာခ်ထားေပး၍ကူညီမႈမ်ားျပဳလုပ္ေပးေနရသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

“တစ္ခ်ိဳ႕တတ္ႏိုင္တဲ့သူေတြကေတာ့ အိမ္ဌားေနတယ္ ဒါေပမဲ့ ရွမ္းျပည္ကလူေတြက ၿခံရွိတဲ့လူဆိုရင္ သူတို႔ၿခံထဲမွာေနခိုင္းတယ္ အခေၾကးေငြမေတာင္းဘူး အိမ္အပိုရွိတဲ့လူေတြကလည္း သူတို႔အိမ္ေတြမွာေနခိုင္းတယ္”ဟုစစ္ေဘးေရွာင္ကူညီ သူတစ္ဦးကေျပာသည္။

ရွမ္းျပည္သို႔စစ္ေဘးေရွာင္မ်ားအျဖစ္ေရာက္ရွိေနသူမ်ားထဲတြင္ ကိုယ္ဝန္ေဆာင္သည္မ်ားပါဝင္သျဖင့္ ၎တို႔အားသီးသန္႔ထားရွိႏိုင္ရန္ျပင္ဆင္ထားကာ လိုအပ္သည့္ေဆးဝါးမ်ားႏွင့္ေမြးဖြားခါနီးျဖစ္ပါက ေမြးခန္းမ်ား၊ဆရာဝန္မ်ား၊ကေလးေမြးဖြားလာပါက မိခင္ႏွင့္ကေလးငယ္အတြက္လိုအပ္မည့္ အႏွီးမ်ား၊အဝတ္အစားမ်ား၊ေဆးဝါးမ်ား၊ေပါင္ဒါမ်ားအား အဆင္သင့္ျဖစ္ေစရန္ႀကိဳတင္ျပင္ဆင္ေပးထားေၾကာင္း သိရသည္။

စစ္ေဘးေရွာင္ျပည္သူမ်ားအား ဇန္နဝါရီ ၁၁ ရက္က Save The Children ၊ Unicef ၊ IRC ႏွင့္အလႉ ရွင္မ်ားက ဆန္၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငါးေျခာက္၊ ဆပ္ျပာ၊ အမ်ိဳးသမီးသုံးပစၥည္း၊ Mask ၊ လက္ ေဆးကန္၊ မိသားစုသုံးပစၥည္းႏွင့္အစားအ ေသာက္မ်ားကို ကူညီေထာက္ပံ့ေပးခဲ့သည္။

အလားတူ ရွမ္းျပည္နယ္အတြင္းရွိ အလႉရွင္မ်ားမွလည္း စစ္ေဘးေရွာင္မ်ားအတြက္ အေျခခံလို အပ္ခ်က္မ်ားအား လႉဒါန္းေပးလ်က္ရွိသည္။ထို႔ အတူ ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားထားရွိႏိုင္ရန္ စစ္ေဘးေရွာင္စခန္းမ်ားကို အျမန္ဆုံးအ ေကာင္အထည္ေဖာ္၍ ထားရွိသင့္သည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071