Thursday, August 6, 2026

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...
HomeNewsLocal Newsကယားပြည်နယ်တွင် သံဃာတော်များပါသီတင်းသုံးနေသည့်ကျောင်းများအား စွန့်ခွာစစ်ဘေးရှောင်နေရ

ကယားပြည်နယ်တွင် သံဃာတော်များပါသီတင်းသုံးနေသည့်ကျောင်းများအား စွန့်ခွာစစ်ဘေးရှောင်နေရ

ကယားပြည်နယ်တွင် သံဃာတော်များပါသီတင်းသုံးနေသည့်ကျောင်းများအား စွန့်ခွာစစ်ဘေးရှောင်နေရ

 

ကယားပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသဖြင့် ပြည်နယ်အတွင်းရှိ သံဃာတော်များမှာလည်း သီတင်းသုံးနေကြသည့် ကျောင်းများအားစွန့်ခွာ၍ ရှမ်းပြည်နယ်အတွင်းသို့ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိလာလျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“အဓိက ကတော့ဆွမ်းကိစ္စအခက်အခဲဖြစ်လာတယ် စျေးတွေလည်းပိတ်သလို မြို့ပေါ်မှာလည်း လူမရှိတော့ဘူး နောက်ပြီး သေနတ်သံတွေလည်းဆက်တိုက်ကြားနေရတော့ အသက်ငယ်တဲ့ကိုရင်လေးတွေကြောက်မှာစိုးတာကြောင့် နီးစပ်ရာဘုန်းကြီးကျောင်းတွေကို ရွှေ့ပေးနေတာပါ ဆွမ်းကိစ္စကလည်းထိုက်သင့်သလောက်အဆင်ပြေသွားတာပေါ”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

လွိုင်ကော်မြို့အတွင်း၌ ဘုန်းတော်ကြီးကျောင်းများနှင့်စာသင်တိုက်စုစုပေါင်း ၃၀ နီးပါးခန့်ရှိပြီး သံဃာတော်များပြားသည့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်နှင့်ကိုရင်များအား ဦးစားပေးရွှေ့ပြောင်းပေးလျက်ရှိသည်။

“ရှမ်းပြည်နယ်က အနီးဆုံးဖြစ်လို့အဲ့ဖက်ကဘုန်း ကြီးကျောင်းတွေဆီကို ပို့ပေးထားတယ် လက်ရှိဦးဇင်းကျောင်းကတိုက်ပွဲဖြစ်တဲ့နေရာနဲ့ဝေးတယ် သေနတ်သံတွေကတော့ကြားနေရတာပေါ့ ကျောင်းမှာလည်းလူ ၃၀၀ လောက်ကိုကယ်ထားပြီးအဆင်ပြေအောင်စီမံပေးနေရတယ်”ဟု လွိုင်ကော်မြို့မှရွှေကျောင်းဆရာတော်ကမိန့်သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်များအဖြစ်ရွှေ့ပြောင်းရောက်ရှိလာမည့် သံဃာတော်များအား လွိုင်ကော်အခြေစိုက်လူမှုကူညီရေးအသင်းယာဥ်များ၊ရှမ်းပြည်အခြေစိုက် လူမှုကူညီရေးအသင်းကားများနှင့်အလှူရှင်များက ကုန်ကျစရိတ်စိုက်ထုတ်လှူဒါန်းပေးသည့် မော်တော်ယာဥ်များဖြင့် ရွှေ့ပြောင်းပေးလျက်ရှိသည်။

“အခုကတော့ ရှမ်း-ကယားအစပ်က ဘုန်းကြီး ကျောင်းတွေကိုပို့ထားပေးတယ် ဆွမ်းကိစ္စလည်းအဆင်ပြေသွားတာပေါ့ လွိုင်ကော်မှာဆိုရင် အခုချိန်ကအကုန်ခက်ခဲနေတာလေ”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

လွိုင်ကော်မြို့အတွင်း၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ လျှပ်စစ်မီးများပြတ်တောက်ကာ ဆိုင်ခန်းများအားလုံးနှင့်စျေးများလည်းပိတ်ထားလျက်ရှိသည်။

Photo – CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071