Monday, February 2, 2026

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော...

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း...

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို...

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲ

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး ၏ (၁၀၂)ကြိမ်မြောက် ညံရိုးပူဇော်ပွဲအား ဖေဖော်ဝါရီ ၁ ရက်(တပေါင်းလပြည့်နေ့)နံနက်ပိုင်းကကျင်းပရာ လာရောက်ပူဇော်သူများဖြင့် စည်ကားများပြားလျက်ရှိသည့် မြင်ကွင်းပုံရိပ်များအား စုစည်းဖော်ပြလိုက်ရပါသည်။ Photo-ပြည်ရွှေဆံတော်ဂေါပကအဖွဲ့
HomeEntertainmentကမ္ဘာကျော်ဂီတ ပညာရှင်တွေ လာ...

ကမ္ဘာကျော်ဂီတ ပညာရှင်တွေ လာ ရောက်ဖျော်ဖြေမယ့် We are connected ဂီတပွဲတော်ကြီး

ကမ္ဘာကျော် ဂီတပညာရှင် Alan Walker နှင့်Don Diablo တို့ လာရောက် ဖျော်ဖြေမယ့်We are connected ဂီတပွဲတော်ကြီးကို နယ်သာ လန်နိုင်ငံမှ ALDA Events နှင့် မြန်မာနိုင်ငံမှ H-Life Entertainment တို့ ပူးပေါင်းကာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင် ညနေလေးနာရီမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။

အဆိုပါပွဲနှင့်ပတ်သက်ပြီး တာ ဝန်ရှိသူတစ်ဦးက….

“Alan Walker ဆိုရင် နော်ဝေးနိုင်ငံသား။ သူ့ရဲ့ Where are you now သီချင်းနဲ့ ကမ္ဘာ တစ်ဝန်းအအောင်မြင်ဆုံးဖြစ်ခဲ့တဲ့သူတစ်ယောက်။ နောက်တစ်ယောက် Don Diablo ဟာ ဆိုရင် နယ်သာလန်နိုင်ငံသားတစ်ယောက်။Future House Style တွေကို Vocal အမိုက်စား တွေနဲ့ တီးခတ်ပြီး EDM Music လောကကို အပိုင်သိမ်းထားတဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့နှစ် ယောက်အပြင် အခြားနာမည်ကြီးတွေလည်း ဖျော်ဖြေကြမှာမို့ ကျွန်တော်တို့ စီစဉ်တဲ့ ဒီပွဲလေးကို လာရောက်ကြည့်ရှုစေချင်ပါတယ်”လို့လည်း ပြောပြခဲ့ ပါတယ်။

အဆိုပါ We are connected ပွဲတွင် ဂီတပညာရှင်များဖြစ်ကြတဲ့ Alan Walker နှင့်Don Diablo တို့ နှင့်အတူ Sander Van Doorn,Cash Cash,The Him တို့အပြင် ပြည်တွင်းမှ နာမည်ကြီး ဂီတပညာရှင်များလည်း ပါဝင်ဖျော်ဖြေ သွားမှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများမှာ ၂၅ဝဝဝ၊ ၃ဝဝဝဝ၊ ၇ဝဝဝဝ ကျပ်တို့ဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့မှ စတင်ကာ Balance Fitness I,II,III, Ice Cream Bar စတဲ့ Official Ticketing Outlets များမှတစ်ဆင့် ဝယ်ယူရရှိနိုင်ပါတယ်။

ခိုင်ဝါဝင်း

Ads Space Available


Continue reading

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

မင်းကင်းမြို့ကိုဗဟိုပြု၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၆ နာရီ ၃၄ မိနစ် ၅ စက္ကန့်က အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မင်းကင်းမြို့၏ အရှေ့တောင်ဘက် (၁၉) မိုင်ခန့်အကွာ၊ အနက် (၃၂) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၃ ဒသမ ၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး လူကယ်ပြန်ဝန်ကြီးဌာန အသိပေးထုတ်ပြန်

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ကြိုတင်ပြင်ဆင်ရမည့် အချက်အလက်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့ ဖေဖေါ်ဝါရီ(၂) ရက်၌ အသိပေးထုတ်ပြန်ထားသည်။ ရာသီဥတုဖြစ်စဉ်များနှင့် ပတ်သက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၁၁ နှစ်တာကာလအတွင် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ် (၂၅၄,၁၀၀) ကျော် ပျ-က်ဆီးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် နေအိမ်အများအပြား ပျ-က်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ ၈ နှစ်တာကာလအတွင်း နေအိမ်ပေါင်း(၈၆,၀၀၀) ကျော်ကို လေပြင်းဒ-ဏ်ခံနိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ...

မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာရိပ်သာကြီးများ၏ ပဓာနနာယကဆရာ တော်၏ ဝိဇာတနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သုဓမ္မစာရီ ဗိမာန်ကျောင်းတိုက်နှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ ရိပ်သာကြီးများ၏ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလဥာဏ၏ ဝိဇာတမွေးနေ့ မင်္ဂလာနှင့် ဂုဏဝိသိဌပူဇော်ပွဲမင်္ဂလာကို ဖေဖော်ဝါရီလ (၁) ရက်၊ တပို့တွဲလပြည့်နေ့က သုဓမ္မစာရီ ကလေးဝဗိမာန်တွင် ကျင်းပခဲ့သည်။ ပူဇော်ပွဲသို့ သက်တော်ရှည်ဆရာတော်ကြီးများအပါအဝင် ဆရာတော်ကြီး (၁၀) ပါးပင့်ဆောင်တော်မူပြီး နမောတဿ မဟာပဏာမ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခန်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကသာမြို့၊ ကျောက်ထုံးကြီး ကျောင်းတိုက်ဆရာတော်ထံမှ ပရိသတ်များက (၅) ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဘုတလင်မြို့နယ် သက်တော်ရှည် တောဝေးဆ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071