Monday, June 23, 2025

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...
HomeNewsLocal Newsကမ်းခြေတွင် ဆိုင်ကယ်စီးလာသည့်စုံတွဲအား သေနတ်ဖြင့်ပစ်ကာ...

ကမ်းခြေတွင် ဆိုင်ကယ်စီးလာသည့်စုံတွဲအား သေနတ်ဖြင့်ပစ်ကာ ဆိုင်ကယ်နှင့် ဆွဲကြိုးလုယက်ခံရမှု လမိုင်းမြို့နယ်တွင် ဖြစ်ပွား

မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ သောင်ပြင်ကျေးရွာရှိ သောင်ပြင်ကမ်းခြေတွင် ဆိုင်ကယ်စီးလာသည့် စုံတွဲအားသေနတ်ဖြင့်ပစ်ခတ်ကာ ဆိုင်ကယ်နှင့်ရွှေဆွဲကြိုးလုယက်ခဲ့မှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု TPR Rescue သောင်ပြင်ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယနေ့ နေ့လယ် (၁၂) နာရီခန့်က သောင်ပြင်ကမ်းခြေတွင် ဆိုင်ကယ်စီးနင်လာသည့် စုံတွဲအား အမည်မသိ အမျိုးသား (၂) ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး ဆိုင်ကယ်နှင့် အမျိုးသားထံမှ ရွှေဆွဲကြိုးကို လုယူထွက်ပြေးသွားကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးဖြစ်သူ၏ ဝမ်းဗိုက်ချက်ဘေးအနီးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် TPR Rescue သောင်ပြင်ကယ်ဆယ်ရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် လမိုင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကျည်က ချက်ဘေးနားကနေ ဖောက်ထွက်သွားတယ်။ လမိုင်းဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရထားတဲ့ဒဏ်ရာက စိုးရိမ်ရတဲ့အတွက် မော်လမြိုင်ဆေးရုံကြီးကိုလွှဲလို့ မော်လမြိုင်ဆေးရုံကြီးကို ထပ်ပို့ပေးခဲ့ပါတယ်။အခုဆေးကုသမှုခံယူနေဆဲပါပဲ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် တနင်္လာနေ့တွင် အမည်စာရင်းတင်ခဲ့သည်။ ဖြုတ်ချခံလိုက်ရသော သမ္မတ ယွန်းဆွတ်ယိုးလ်လက်ထက် ပြီးခဲ့သည့်နှစ်က စစ်အုပ်ချုပ်ရေးဥပဒေပြန်ဌာန်းခဲ့မှုတွင် ၎င်းတို့ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်းအပါအဝင် ထင်ရှားသော ကာကွယ်ရေးအရာရှိများစွာက ရာဇဝတ်မှုများကို ရင်ဆိုင်နေရချိန်တွင် ယခု ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ သမ္မတရုံး၏ အဆိုအရ ဝါရင့် နိုင်ငံရေးသမားဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ အန်ဂူဘက်ကို ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အမည်စာရင်းတင်ခဲ့သည်ဟု ဆိုသည်။...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁ ဦး အဖ-မ်းခံရ  

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁ ဦး အဖ-မ်းခံလိုက်ရကြောင်း သိရသည်။      အီစူဇူး ပစ်ကပ်ကားသည် အမှတ် ၃၂၃ အဝေးပြေးလမ်းကြောင်းရှိ ထုန်ဖါဖွမ် ခရိုင်မှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အာတီဆမ် အင်တာရာက ပြောဆိုသည်။        နံနက် ၃း၄၀ နာရီခန့်က ဝပ်တ်အူလေ-ာင်းမြို့အနီးတွင် ပစ်ကပ်ကားကို ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းက ကားကိုမောင်းထွက်ပြေးခဲ့ရာ ရဲတပ်ဖွဲ့က နောက်မှထပ်ကြပ်မကွာ...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့ သီလဝါစက်မှုဇုန်ရှိ Good Brothers(United Agri)တန် ၅၀၀ ကျဆန်စက်ကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United Agri) တန် ၅၀၀ ကျဆန်စက်ကို လေ့လာခဲ့ကြသည်။ ၎င်းတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများသည် ဆန်စပါးလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071