Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeMoviesကမ္ဘောဒီးယား၏အွန်လိုင်းလိမ်လည်မှုဂိုဏ်းနှိမ်နင်းမှုချီးကျူးခံရ

ကမ္ဘောဒီးယား၏အွန်လိုင်းလိမ်လည်မှုဂိုဏ်းနှိမ်နင်းမှုချီးကျူးခံရ

ဇွန်လ ၁၂ ရက်

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ ပူးတွဲဒုတိယညွှန်ကြားရေးမှူး အင်ဒရူး ဘေလီ က ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုဗဟိုချက်များကို နှိမ်နင်းရန် ကမ္ဘောဒီးယားအာဏာပိုင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့် “အကြမ်းဖက်အစွန်းရောက်ဝါဒများနှင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများ” ဆိုင်ရာ ရှင်းလင်းပွဲတစ်ခုတွင် ဘေလီက Wall Street Journal သတင်းစာမှ ဂါဘရီရယ် စတိန်းဟောက်ဆာ ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်က “ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ပြည်တွင်းလိမ်လည်မှုလုပ်ငန်းကို နှိမ်နင်းမှုအပေါ် ခင်ဗျားတို့ရဲ့ အကဲဖြတ်ချက်က ဘယ်လိုရှိပါသလဲ။ အမေရိက ရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရတဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းချုပ် အများအပြားဟာ ကမ္ဘောဒီးယားနိုင်ငံမှာ တစ်စုံတစ်ရာ ဥပဒေအရ အရေးယူခံရခြင်းမရှိသေးတဲ့အပေါ် စိုးရိမ်ပူပန်မှု ရှိပါသလား” ဟု မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုကို “ကျွန်တော်တို့ရဲ့ ကမ္ဘောဒီးယားအခြေစိုက် FBI တရားဝင်ဆက်ဆံရေးရုံး (LEGAT office) ဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ မျှဝေဖို့နဲ့ scam စင်တာတွေကို ဖြိုခွဲဖို့အတွက် ကမ္ဘောဒီးယား အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မရှင် (CCOS) နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ CCOS ဟာ ကျွန်တော်တို့ရဲ့ LEGAT အရာရှိတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့ scam ဝန်းဝိုင်းတွေဆီ မကြုံစဖူးအဆင့်အထိ ဝင်ရောက်ခွင့်ပြုခဲ့ပြီး၊ ကျွန်တော်တို့ စုဆောင်းရရှိခဲ့တဲ့ သက်သေအထောက်အထားတွေကလည်း အလွန်ထူးခြားကောင်းမွန်ပါတယ်။” ဟု ဘေလီက ဖြေကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ဒီလို LEGAT ဆက်ဆံရေးကတစ်ဆင့် ကျွန်တော်တို့ဟာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါပုံကို ဆက်လက်အလေးထားသွားမှာဖြစ်ပြီး၊ ကမ္ဘောဒီးယားအစိုးရအနေနဲ့ ဒီလို scam ပြုလုပ်သည့်နယ်မြေတွေကို နှောင့်ယှက်ဖြိုခွဲတဲ့ သူတို့ ပိုမို ကြိုးပမ်းဖို့ ဆက်လက်တိုက်တွန်းသွားမှာပါ။ ကျွန်တော်တို့ရဲ့ LEGAT အနေနဲ့လည်း CCOS အပါအဝင် ကမ္ဘောဒီးယားအစိုးရတစ်ရပ်လုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကဦးတည်ချက်ကတော့ ဒီနယ်မြေတွေကို လည်ပတ်နေတဲ့ ရာဇဝတ်ကွန်ရက်တွေကို နှောင့်ယှက်ဖြိုခွဲဖို့နဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကို ကာကွယ်ပေးဖို့ပါပဲ” ဟု ပြောကြားခဲ့သည်။

“ဒါကြောင့်မို့လို့ (ရာဇဝတ်မှုတွေကို) ဖော်ထုတ်ဖို့၊ နှောင့်ယှက်ဖို့ ကြိုးပမ်းမှုတွေကို ဆက်လက်တွန်းအားပေး ပံ့ပိုးသွားမှာဖြစ်ပြီး၊ အခုအချိန်အထိ ကျွန်တော်တို့ ရရှိခံစားခဲ့ရတဲ့ အောင်မြင်မှုတွေအပေါ် အခြေခံပြီး ရှေ့သို့ ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Ref: ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071