ဖနွမ်းပင်၊ဇွန် ၂
ကမ္ဘောဒီးယား၌ တောဆင်ရိုင်းကောင်ရေ ၄၀၀ မှ ၆၀၀ ကြားကျင်လည်ကျက်စားနေကြောင်း ကမ္ဘောဒီးယားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာန၏ထုတ်ပြန်ကြေငြာချက်အရသိရှိရသည်။
ကမ္ဘောဒီးယားသဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ကမ္ဘောဒီးယားရှိဆင်များသည် ကာဒမန်တောင်တန်းနှင့် ဒေသ၏အရှေ့မြောက်ပိုင်း၌ ကျက်စားလေ့ရှိသည့် အာရှဆင်များဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်။
ကင်မရာများဖြင့်ရိုက်ကူးထားသောဓာတ်ပုံများမှတစ်ဆင့် တောဆင်ရိုင်းများသည် တောအုပ်ထူသည့်နေရာများ၌ ကျက်စားလေ့ရှိကြောင်းတွေ့ရှိရပြီး ၎င်းတို့အုပ်စုထဲ၌ ဆင်ပေါက်လေးများအားတွေ့နေရခြင်းသည် ကမ္ဘောဒီးယား၏ထိန်းသိမ်းစောင့်ရှောက်မှုမျှော်လင့်ချက်များအနက် ဆင်ကောင်ရေတိုးလာစေနိုင်သည့် မျှော်လင့်ချက်တစ်ခုဖြစ်လာကြောင်းပြောကြားခဲ့သည်။
လက်ရှိ၌လည်းကမ္ဘောဒီးယားအစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှတစ်ဆင့် တောဆင်ရိုင်းများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် ဘေးကင်းလုံခြုံသောကျက်စားရာနေရာများအဖြစ် ထိန်းသိမ်းနိုင်ရန် ကျန်အဖွဲ့များအပါအဝင် လူမှုအသိုင်းအဝိုင်းများနှင့်ပါဝိုင်းဝန်းပူးပေါင်းကြိုးပမ်းလျက်ရှိသည်။
ထို့ကြောင့် နီးစပ်ရာဒေသများရှိ ဒေသခံများအနေဖြင့် ဆင်များအားထိခိုက်နစ်နာအာင်မလုပ်ရန်ညွှန်ကြားထားသည်။ ဆင်များ မိမိတို့၏ကောက်ပဲသီးနှံများအား လာရောက်ဖျက်ဆီးပါကလည်း သေသည်အထိမလုပ်ဘဲ အိုးခွက်ပန်းကန်များတီးခတ်ကာမောင်းထုတ်နိုင်ကြောင်း ပြောကြားခဲ့သည်။
Source : Khmertimes