Saturday, April 11, 2026

ဖနောင်းပင်စီးပွားရေး 4.5 ရာခိုင်နှုန်း တိုးတက်ရန်...

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ကုန်စည်ဈေးကွက် အနှောင့်အယှက်များသည် ကာလ မရှည်ကြာပါက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း...

ဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

တရားဥပဒေစိုးမိုးမှုအားကောင်းစေရေးအတွက် ဥပဒေပညာအရေးကြီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ  ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန် ကြီးများနှင့်တွေ့ဆုံစဥ်...

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...

ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထား၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်...

မိမိတို့အနေဖြင့် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြုထားကြ၍ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေရမည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊...
HomeInternationalကမ္ဘောဒီးယားနှင့်တရုတ်တို့၏ “Golden Dragon”...

ကမ္ဘောဒီးယားနှင့်တရုတ်တို့၏ “Golden Dragon” ပူးတွဲစစ်ရေးလေ့ကျင့်မှုယခုနှစ်၌ ပြန်လည်စတင်မည်

ဖနွမ်းပင်၊ဖေဖော်ဝါရီ ၈

နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အနေဖြင့်ပြန်လည်ကျင်းပသည့် နှစ်စဉ်ဖေဖော်ဝါရီလအတွင်းကျင်းပနေကြ ကမ္ဘောဒီးယားနှင့်တရုတ်တို့၏ “Golden Dragon” ပူးတွဲစစ်ရေးလေ့ကျင့်မှုအား နှစ်နိုင်ငံစစ်သည်အင်အား ၁,၀၀၀ ကျော်ဖြင့် ယခုနှစ်အတွင်းပြန်လည်စတင်တော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါလေ့ကျင့်မှုအား ၂၀၂၀ ပြည့်နှစ်အထိပြုလုပ်ခဲ့ပြီး ကိုဗစ်ကြောင့်နှစ်နှစ်တာ ရပ်နားထားခဲ့ရာမှ ယခုနှစ်တွင်ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုအား နိုင်ငံတော်စစ်လေ့ကျင့်ရေးစင်တာ၌ မတ်လ ၂၀ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အစီအစဉ်အရ ယခုလေ့ကျင့်မှု၌ ကမ္ဘောဒီးယားနှင့်တရုတ်စစ်တပ်များမှ စစ်သားနှင့်အရာရှိ ၁,၀၀၀ ခန့်ပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်းလည်းသိရှိရသည်။စစ်ရေးလေ့ကျင့်မှု၏အဓိကရည်ရွယ်ချက်မှာ မြေပြင်အတွေ့အကြုံများဖလှယ်ပြီး နှစ်နိုင်ငံတပ်မတော်များ၏စွမ်းရည်မြှင့်တင်ရန်ဖြစ်သည်ဟုလည်းဆိုသည်။

ယခုလေ့ကျင့်မှု၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစစ်ဆင်ရေးများ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေးတို့ကို ကုလမူဘောင်နှင့်အညီ နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများ၏ မူဝါဒအတိုင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

တရုတ်နှင့်ပူးတွဲလေ့ကျင့်မည့်ယခုစစ်ရေးလေ့ကျင့်မှုအပြင် ကမ္ဘောဒီးယားအနေဖြင့် လာအိုနှင့်ဗီယက်နမ်နိုင်ငံတို့နှင့်ပါ ပူးတွဲလေ့ကျင့်မှုများထပ်မံပြုလုပ်ဦးမည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

လာအို၊ဗီယက်နမ်တို့နှင့်လေ့ကျင့်ရာ၌ ရေကြီးမှုနှင့်အဆောက်အအုံပြိုကျမှုကဲ့သို့သော သဘာဝဘေးအခြေအနေများ၌ ကူညီကယ်တင်ရေးဆိုင်ရာများကို ဦးစားပေးလေ့ကျင့်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ယင်းအပြင်ကမ္ဘောဒီးယားသည် အိန္ဒိယနိုင်ငံနှင့်လည်းစစ်ရေးအရ ဆက်ဆံရေးတိုးမြှင့်ကာ နှစ်နိုင်ငံပူးပေါင်းလေ့ကျင့်မှုမျိုးပြုလုပ်ရန်လည်း စီစဉ်နေကြောင်းသိရသည်။တရုတ်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ၂၀၁၆ ခုနှစ်ကစတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ နောက်ပိုင်း၌ ကမ္ဘောဒီးယား၏ ကပ်ရောဂါအခြေအနေကြောင့် ယာယီရပ်ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။

Source : Khmer Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖနောင်းပင်စီးပွားရေး 4.5 ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်း

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့ကုန်စည်ဈေးကွက် အနှောင့်အယှက်များသည် ကာလ မရှည်ကြာပါက ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ နောက်ဆုံးထုတ်ဝေသော စီးပွားရေး အစီရင်ခံစာတွင် ဧပြီလ ၁၀ ရက်က ဖေါ်ပြထားသည်။ တိုးတက်မှုကို ပြန်လည်ရုန်းထနိုင်စွမ်းရှိသော ကုန်ထုတ်လုပ်မှု စွမ်းဆောင်ရည်ဖြင့် ပံ့ပိုးပေးထားပြီး ပြင်ပအခြေအနေများ တိုးတက်ကောင်းမွန်လာကာ ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများသည် စီးပွားရေးကုန်ထုတ်စွမ်းအားကို ဆက်လက်မြှင့်တင်နိုင်သောကြောင့် တိုးတက်မှုနှုန်းသည် 2027 ခုနှစ်တွင် 5...

ဥပဒေအခြေခံများကို အခြေခံပညာအထက်တန်းအဆင့်၌သင်ကြားပေးနေပြီဖြစ်

တရားဥပဒေစိုးမိုးမှုအားကောင်းစေရေးအတွက် ဥပဒေပညာအရေးကြီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ  ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်း/ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန် ကြီးများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " ဒီနေ့နိုင်ငံမှာတွေ့ကြုံနေရတာက အများစုဟာတည်ဆဲဥပဒေတွေကို နားလည်မှုနည်းပါးတာ၊ အလေးဂရုမပြုတာတွေကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းနေတာကို တွေ့ရပါတယ်။ ပြည်သူအားလုံး ဥပဒေကိုသိရှိလိုက်နာမှသာ စည်းကမ်းပြည့်ဝပြီးအေးချမ်းသာယာကြမှာပါ"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် ဥပဒေများကို သိရှိလိုက်နာတတ်စေရန် ကျောင်းနေစဉ်ကပင် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပြီး ပညာရေးအားနည်းပါက တရားဥပဒေလိုက်နာမှု၊ တရားဥပဒေစိုးမိုးမှုမှာ အားနည်းလာမည်ဖြစ်၍ အခြေ ခံပညာကျောင်းများတွင် ဥပဒေအခြေခံများကို အထက်တန်းအဆင့်၌သင်ကြားပေးနေကာ ပြည်နယ်/တိုင်းတက္ကသိုလ်အသီးသီးတွင် ဝိဇ္ဇာဘွဲ့(ဥပဒေ)ပေးနိုင်ရန်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ဟု...

စွမ်းအင်နှင့်ပတ်သက်၍ နိုင်ငံ​တော်သမ္မတ၏ ​ပြောကြားမှုများ

လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက်အခြေခံကျကာ လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို ပိုမိုသုံးစွဲနိုင်အောင်စီမံဆောင်ရွက်ရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၀ ရက်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အ ယစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒု-ဝန်ကြီးများအားတွေ့ဆုံ ၍မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားဝတ်နေရေးအဆင်ပြေချောမွေ့စေရေးတို့အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်၊ လျှပ်စစ်မီးရရှိရန်၊ ရေကောင်းရေသန့်ရရှိရန်စသည့် အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်ရန်လိုအပ်ပြီး လျှပ်စစ်ကဏ္ဍသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အခြေခံကျသည်ဟု ပြောသည်။ နိုင်ငံတွင်လိုအပ်နေသည့် လျှပ်စစ်စွမ်းအင်ကဏ္ဍမြှင့်တင်ရေးကို အလေးထားလုပ်ဆောင်ရမည်ဖြစ်ကာ ဆောင်ရွက်ဆဲစီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်းငံ့ထားရသော၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071