Friday, May 29, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeInternationalကမ္ဘောဒီးယားတော်ဝင် မင်းသမီး ကေပေါ့ပ်ဘက်ကူးမည်မဟုတ်

ကမ္ဘောဒီးယားတော်ဝင် မင်းသမီး ကေပေါ့ပ်ဘက်ကူးမည်မဟုတ်

ကမ္ဘောဒီးယားတော်ဝင်မင်းသမီး ဂျန်နာသည် သာမန် ၁၂ နှစ်အရွယ် မိန်းကလေးမျိုးတော့ မဟုတ်ပေ။

ရုပ်ရည်ချောမောလှပမှု၊ ဘာသာစကားမျိုးစုံ တတ်ကျွမ်းမှု၊ ဖျော်ဖြေတင်ဆက်မှုစွမ်းရည်များကြောင့် လူသိများသော သူသည် အသက်ခြောက်နှစ်အရွယ်ကတည်းက showbiz တွင် ပါဝင်ခဲ့ပြီး တွစ်တာတွင် ဖော်လိုဝါ ၃ သန်းနှင့် ယူကျူ့တွင် ဖော်လိုဝါ ၁ သန်း ရှိလာခဲ့သူဖြစ်သည်။

မွေးရပ်မြေတွင် လူချစ်လူခင်များရုံသာမက ဂျန်နာသည် ၂၀၂၃ ခုနှစ်ကုန်ပိုင်းက တရုတ်နိုင်ငံပိုင် စီစီတီဗီရုပ်သံတွင် တရုတ်သီချင်းများကို ပြန်လည်သီဆိုပြခဲ့အပြီးတွင် တရုတ်၌လည်း ကျော်ကြားသူတစ်ဦးဖြစ်လာခဲ့သည်။ စက်တင်ဘာလတွင်မှ စအသုံးပြုခဲ့သော သူ၏ Weibo အကောင့်တွင် ပရိသတ် ၂ သောင်းကျော် ရှိနေခဲ့ပြီဖြစ်သည်။

ထိုင်ဝမ်သတင်းဌာနတစ်ခုဖြစ်သည့် SET News က သူ၏ နောက်ခြေလှမ်းမှာ ကေပေါ့ပ်အိုင်ဒဲလ် သင်တန်းသူတစ်ဦးဖြစ်မည်ဟု အောက်တိုဘာ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့ပြီးနောက် ဂျန်နာနှင့်ပတ်သက်သော အကြောင်းအရာများသည် သတင်းခေါင်းစီးများ ထပ်ဖြစ်လာခဲ့သည်။ ထိုသတင်းကို တောင်ကိုရီးယားရှိ ဖျော်ဖြေရေးဝက်ဘ်ဆိုက်များက ကျယ်ကျယ်ပြန့်ပြန့်ပြန်လည် ဖော်ပြခဲ့ကြပြီး အရှေ့တောင်အာရှမှ ထူးချွန်သော တော်ဝင်တစ်ဦးသည် Blackpink အဖွဲ့၏ ထိုင်းနိုင်ငံဖွားလီဆာကဲ့သို့ ဒုတိယလီဆာ ထပ်ဖြစ်လာနိုင်သည်ဟု အချို့က ထင်ကြေးပေးခဲ့ကြသည်။

သို့သော်လည်း ဂျန်နာ၏ စီမံခန့်ခွဲရေးအဖွဲ့ကမူ သူသည် ကေပေါ့ပ်ကျော်ကြားမှုနောက်လိုက်တော့မည်ဆိုသော သတင်းများကို ငြင်းပယ်ခဲ့သည်။ အောက်တိုဘာ ၁၅ ရက်က ပြန်ဖျက်သွားသော Weibo ပို့စ်တစ်ခုတွင် ဂျန်နာသည် ၂၀၂၃ ခုနှစ်တွင် ကိုရီးယားဖျော်ဖြေရေးအေဂျင်စီတစ်ခု၏ ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့သော်လည်း ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်ဟု သူ၏ အဖွဲ့က ပြောဆိုထားသည်။

သူကိုယ်တိုင်ကလည်း သူသည် ဂီတကို နှစ်သက်ပြီး ပထမဆုံး မန်ဒရင်းအယ်ဘမ်တစ်ခုထွက်နိုင်အောင် ကြိုးစားနေကြောင်း ဂျန်နာက အသိပေးခဲ့သည်။ သီချင်းဆိုခြင်းအပြင် သူသည် ပညာသင်ကြားရေးအတွက်လည်း အာရုံစိုက်လိုကြောင်းနှင့် ကိုရီးယားတွင် ကေပေါ့ပ်သင်တန်းသူဖြစ်လာရန် အစီအစဉ်မရှိကြောင်း သူက ပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မွေးဖွားခဲ့သော ဂျန်နာသည် တရုတ်နိုင်ငံတွင် နေထိုင်ခဲ့သည့် ကွယ်လွန်သူ ကမ္ဘောဒီးယားဘုရင်ဟောင်း နိုရိုဒွန် သီဟာနု၏ မြေးတော်ဖြစ်သည်။ သူ၏ မိဘများမှာ မင်းသမီး နိုရိုဒွန် ဘော့ဖရေးနှင့် ပြင်သစ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တို့ဖြစ်သည်။

ဂျန်နာသည် ဖနွမ်ပင်ရှိ ဂီတပညာကျောင်းတွင် အော်ပရာကို လေ့လာသင်ကြားခဲ့ပြီး ပြင်သစ်၊ ခမာ၊ ထိုင်း၊ တရုတ်၊ အင်္ဂလိပ်ဘာသာစကားများကို ပြောဆိုနိုင်သည်ဟု ဆောက်ချိုင်းနားမောနင်းပို့စ်က ဖော်ပြသည်။

အသက် ခြောက်နှစ်အရွယ်တွင် ကမ္ဘောဒီးယား၏ showbiz သို့ဝင်ရောက်ခဲ့ကာ ခမာရုပ်သံဇာတ်လမ်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

သူသည် ဒုတိယအကြိမ်မြောက် ကမ္ဘောဒီးယား-အာရှ ရုပ်ရှင်ပွဲတော်တွင် ကမ္ဘောဒီးယား သဲထိတ်ရင်ဖိုရုပ်ရှင် The Night Curse Of Reatrei(2024) ဇာတ်ကားဖြင့် အကောင်းဆုံး တက်သစ်စ မင်းသမီးဆု ရရှိခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို တိုင်းဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ တွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများသ တင်းရယူနိုင်ရေး၊ လွှတ်တော်ရုံးအတွင်း လုံခြုံရေးချ ထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉ ရက်တွင် ဖက်ခွက်များပြုလုပ်ကြီး ဆွမ်းဟင်းလောင်းလှူမည့်အလှူရှင်များထံလိုက်လံပို့ဆောင်ပေးကြကြောင်း သိရသည်။ " ဆွမ်းဟင်းလောင်းလှူဖို့အတွက် ဖက်ခွက်ပေါင်း (၅,၀၀၀)ကျော်လုပ်ရပါတယ်။ ရိုးရာအစဥ်အလာအ တိုင်း အလှူရှင်တွေက ဆွမ်းဟင်းတွေကို ဖက်ခွက်နဲ့လောင်းလှူကြမှာပါ"ဟု မြို့နယ်ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။ နယုန်လပြည့်နေ့နံနက်ပိုင်းတွင် အလှူရှင်များက မြို့ပေါ်ရပ်ကွက်နှင့် ဂေါဇဂါန်ရွာများမှ သံဃာတော်အပါး (၂၀၀)ကျော်ကို ဖက်ခွက်များဖြင့် ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ နေတန်ယာဟု ညွှန်ကြားထား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။ အိန်ပရတ် ခေါင်းဆောင်မှုအကယ်ဒမီ(Ein Prat Leadership Academy) က ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟီဘရူးဘာသာစကားနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နေတန်ယာဟုက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ Channel 12 ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ နေတန်ယာဟုက "လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071