Tuesday, April 14, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeMoviesကမ္ဘာ့အကြီးဆုံး ရေခဲတောင်ကြီး လုံးဝအရည်ပျော်သွားပြီ

ကမ္ဘာ့အကြီးဆုံး ရေခဲတောင်ကြီး လုံးဝအရည်ပျော်သွားပြီ

တောင်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ တစ်ချိန်က ကမ္ဘာ့အကြီးဆုံး ရေခဲတောင်ကြီးဖြစ်ခဲ့တဲ့ A23a ဟာ လုံးဝအရည်ပျော်ပြီး ပျက်စီးသွားခဲ့ပါပြီ။ ကျန်နေတဲ့ ရေခဲဧရိယာဟာ စောင့်ကြည့်ရမယ့် စံနှုန်းအောက်ကို ရောက်သွားတဲ့အတွက် အခုဆိုရင် မှတ်တမ်းထဲကနေတောင် တရားဝင် အမည်ဖျက်သိမ်း လိုက်ပါပြီ။

ဒီ “ရေခဲတောင်ဘုရင်” ရဲ့ ဖြစ်တည်မှုကနေ ပျောက်ကွယ်သွားတဲ့အထိ အကြောင်းအရာတွေကို အနှစ်ချုပ်က‌တော့ ဒီလိုပါ။

ဒီ “ရေခဲတောင်ဘုရင်” က ဘယ်ကလာတာလဲ
၁၉၈၆ ခုနှစ်မှာ အန္တာတိတ်တိုက်က Filchner-Ronne ဆိုတဲ့ ရေခဲပြင်ကြီးကနေ ဧရာမ ရေခဲတုံးကြီးတစ်ခု ပြတ်ထွက်လာခဲ့တာဟာ A23a ရဲ့ အစပါပဲ။

အဲဒီတုန်းက သူ့ရဲ့ အကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၄,၁၇၀ တောင်ရှိပြီး ရှန်ဟိုင်းမြို့ရဲ့ သုံးပုံနှစ်ပုံလောက် ရှိတာပါ။ အထူက မီတာ ၄၀၀ နီးပါးရှိပြီး အလေးချိန်က တန်ချိန် တစ်ထရီလီယံ ကျော်ပါတယ်။

ဒါပေမဲ့ သူက ပြတ်ထွက်ပြီးပြီးချင်းမှာပဲ Weddell ပင်လယ်ကြမ်းပြင်မှာ သောင်တင်သွားခဲ့လို့ ၃၄ နှစ် တိုင်တိုင် ဘယ်မှမရောက်ဘဲ အဲဒီနေရာမှာပဲရှိနေခဲ့ပါတယ်။ ၂၀၂၀ ရောက်မှသာလျှင် ပင်လယ်ရေစီးကြောင်းတွေနဲ့ ပူနွေးလာတဲ့ အပူချိန်တွေကြောင့် ရေခဲတွေ အရည်ပျော်ပြီး သောင်တင်နေတာကနေ လွတ်မြောက်ကာ မြောက်ဘက်ကို စတင် မျောပါလာခဲ့တာပါ။

ဘယ်လိုတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာလဲ
A23a ရဲ့ ပျက်စီးမှုက နောက်ဆုံးနှစ်တွေမှာ အရမ်း မြန်လာခဲ့ပါတယ်။

၂၀၂၃ အစောပိုင်းမှာ‌ သူ့ရဲ့ အကျယ်အဝန်းဟာ စတုရန်းကီလိုမီတာ ၄,၀၃၅ ရှိနေတုန်းမို့ ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး ရေခဲတောင်အဖြစ် သတ်မှတ်ခံခဲ့ရပေမဲ့ အဲဒီနှစ်ကုန်မှာတင် ၃% လောက် လျော့သွားပါတယ်။

၂၀၂၄ မှာ‌တော့ သူ့ရဲ့ဧရိယာဟာ နောက်ထပ် ၈% ထပ်လျော့ပြီး ၃,၅၄၄ စတုရန်းကီလိုမီတာ ပဲ ကျန်ပါတော့တယ်။

၂၀၂၅ မှာတော့ အရည်ပျော်တာဟာ အရှိန်အဟုန် အမြင့်ဆုံးပါပဲ။ တစ်နှစ်တည်းမှာတင် ဧရိယာ ၆၀% ကျော် ဆုံးရှုံးသွားပါတယ်။ ဇွန်လနဲ့ စက်တင်ဘာလကြားမှာ အပိုင်းပိုင်းပြတ်ပြီး ၁,၄၀၀ စတုရန်းကီလိုမီတာ လောက်ပဲ ကျန်ပါတော့တယ်။

၂၀၂၆ ဇန်နဝါရီမှာ ထပ်မံ ပြိုကွဲမှုတွေကြောင့် အကျယ်အဝန်း ၅၀၃ စတုရန်းကီလိုမီတာပဲ ကျန်ပါတော့တယ်။

အခု ၂၀၂၆ ဧပြီလအစောပိုင်းမှာတော့ သူ့ရဲ့ ဧရိယာဟာ ၃၅.၂ စတုရန်းကီလိုမီတာပဲကျန်‌တော့တဲ့အထိ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ရေခဲတောင်စာရင်းထဲ ထည့်ဖို့ စံနှုန်းမမီတော့လို့ အမည်စာရင်းကနေ တရားဝင် ပယ်ဖျက်ခံလိုက်ရပါပြီ။

ရေခဲတောင်ကြီး အရည်ပျော်တာ‌ကြောင့်ဘာတွေ သက်ရောက်မှုရှိမလဲ
A23a လျင်မြန်စွာ အရည်ပျော်တာကြောင့် ဂေဟစနစ်နဲ့ ရာသီဥတုအပေါ် အများကြီး ထိခိုက်စေပါတယ်။

ရေခဲထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေတဲ့ အာဟာရဓာတ်တွေ ပင်လယ်ထဲ ရောက်ကုန်လို့ အဏုမှော်ပင်တွေ အလွန်အမင်း ပေါက်ဖွားလာပြီး ရေပြင်တွေ စိမ်းလာပါတယ်။ ဒါက သဘာဝ ဟန်ချက်ကို ပျက်စေသလို၊ ရေခဲတုံးကြီးတွေက ပင်ဂွင်းနဲ့ ဖျံတွေရဲ့ အစာရှာတဲ့လမ်းကြောင်းကိုလည်း ပိတ်ဆို့တာမျိုး ဖြစ်စေပါတယ်။

ရေခဲတောင်ကြီးကနေ ရေချိုတန်ချိန် တစ်ထရီလီယံ လောက်ဟာ ပင်လယ်ထဲ စီးဝင်သွားတဲ့အတွက် ပင်လယ်ရေရဲ့ အငန်နှုန်းနဲ့ ရေစီးကြောင်းတွေကို ပြောင်းလဲစေပါတယ်။ ဒါဟာ ကမ္ဘာ့ရာသီဥတုကို ထိန်းညှိပေးတဲ့ ပင်လယ်ရေစီးကြောင်း ပတ်လမ်းကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ပြိုကွဲသွားတဲ့ ရေခဲစိုင် အပိုင်းအစငယ်လေးတွေဟာ ငါးဖမ်းသင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအတွက် အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှု ဖြစ်လာပါတယ်။

လူသားတွေအတွက် သတိပေးချက်
ရေခဲ‌တောင်တွေ ပြတ်ထွက်တာ အရည်ပျော်တာတွေဟာ သဘာဝဖြစ်စဉ် ဆိုပေမဲ့ အခုလို အရှိန်အဟုန်နဲ့ ဆုံးရှုံးနေတာကတော့ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြနေကြပါတယ်။ ၂၀၂၅ ခုနှစ်မှာ သမုဒ္ဒရာတွေရဲ့ အပူချိန်ဟာ စံချိန်တင် မြင့်မားခဲ့သလို၊ ကမ္ဘာကြီး ပူနွေးလာမှုနှုန်းကလည်း အရင်ကထက် နှစ်ဆကျော် မြန်လာပါတယ်။

A23a ရေခဲစိုင်ကြီး လျင်လျင်မြန်မြန် ပျောက်ကွယ်သွားတာဟာ အန္တာတိတ်က ရေခဲတွေ ပိုမြန်မြန် အရည်ပျော်နေပြီဆိုတဲ့ အချက်ပေးသံဖြစ်သလို၊ ကမ္ဘာ့ရာသီဥတု အကျပ်အတည်းကို အရေးတကြီး ဖြေရှင်းဖို့ လိုနေပြီဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီး ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွား

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ Rich Starry ဟု အမည်ရသော တရုတ်သင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုစတင်ပြီးကတည်းက ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ကာ ပင်လယ်ကွေ့အတွင်းမှ ထွက်ခွာနိုင်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း LSEG၊ MarineTraffic နှင့် Kpler တို့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ အဆိုပါသင်္ဘောနှင့် ၎င်း၏ပိုင်ရှင်ဖြစ်သော Shanghai Xuanrun Shipping...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်တင်သင်္ဘော USS George H.W. Bush နှင့် ၎င်း၏ အရန်စစ်သင်္ဘောများဖြစ်ကြသော USS Donald Cook (DDG-75)၊ USS Mason (DDG-87) နှင့် USS Ross (DDG-71) တို့ ပါဝင်သော စစ်သင်္ဘောအုပ်စုသည် မြေထဲပင်လယ်လမ်းကြောင်းကို ရှောင်ရှား၍ အာဖရိကတိုက်ကို တစ်ပတ်ပတ်ကာ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ် ‘ခရစ်စတယ်’ က လမ်းသစ်စထွင်

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော ကမ္ဘာ့ပထမဆုံး ခရစ်စတယ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါနည်းပညာသည် နောင်တစ်ချိန်တွင် ရေငုပ်သင်္ဘောများနှင့် အာကာသအနက်ပိုင်း စူးစမ်းရှာဖွေရေးယာဉ်များကို GPS မပါဘဲ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။ ဖလိုရင်းပါဝင်သော ဘိုရိတ်ဒြပ်ပေါင်းသည် လေဆာရောင်ခြည်၏ လှိုင်းအလျားကို စံချိန်တင်အဆင့်ဖြစ်သော ၁၄၅.၂ နာနိုမီတာ အထိ ရောက်ရှိစေနိုင်ကြောင်း ဇန်နဝါရီလထုတ် Advanced Materials ဂျာနယ်တွင် အဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071