ကမ္ဘာ့ဘောက်ဆင်အဖွဲ့ချုပ်(WBC)နှင့် အာရှပစိဖိတ် ဘောက်ဆင်အဖွဲ့ချုပ် (OPBF)တို့မှ ပေးအပ်မည့် ချန်ပီယံခါးပတ်တွင် မြန်မာနိုင်ငံတော် အလံတံဆိပ်ကို ထည့်သွင်းဖော်ပြလာပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်ကော်မရှင်ထံက သိရသ ည်။
ထို့ပြင် WBC၊ OPBF မှ MBC ၏ ဥက္ကဋ္ဌ ဦးကျော်ဝင်းထွန်းအား Asian Region Coordinator အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။
Myanmar Boxing Commission(MBC) အား ယခုနှစ် ဖေ ဖော်ဝါရီလအတွင်း အဖွဲ့ဝင် (၁၆၁) နိုင်ငံပါဝင်သည့် WBC နှင့် OPBF တို့၏ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက် ခံလိုက်သည့်အတွက် မြန်မာကိုယ်စားပြုအလံကို ထည့်သွင်းခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံ Professional Boxers များအနေဖြင့် MBC နှင့်အတူ WBC၊ OPBF မှ ကြီးမှူးကျင်းပသော နိုင်ငံတကာ Boxing ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ရန်အခွင့်အရေးများ ရရှိပြီဖြစ်သည်ဟု ဆိုသည်။
MBC ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ စတင်ဖွဲ့စည်းချိန်မှ တစ်နှစ်ခန့်အကြာ ကမ္ဘာဘောက်ဆင်အဖွဲ့ချုပ်က အသိအမှတ်ပြုခံခဲ့ရခြင်းလည်းဖြစ်သည်။