ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲ အုပ်စုအဖွင့်ပွဲ၌ မြန်မာအသင်းက တရုတ်အသင်းကို အနိုင်ရသည်။
ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ မေ (၁၆) ရက်ကနေ (၂၃) ရက်အထိ ကျင်းပနေခြင်း ဖြစ်သည်။
မြန်မာအသင်းသည် တရုတ်အသင်းကို (၁၅-၄) ၊ (၁၅-၈) ရမှတ်ဖြင့် (၂)ပွဲပြတ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ယင်းပွဲ၌ မြန်မာအသင်း ကစားသမားများအဖြစ် အောင်အောင်၊ ရဲထက်၊ သန့်ဇင်ထွန်း၊ မင်းသန့်သူ၊ ဟန်ဝင်းထွဋ်တို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲပြိုင်ပွဲ၌ ဗီယက်နမ်၊ တရုတ်၊ အင်ဒိုနီးရှားတို့ဖြင့် အုပ်စု (C) ၌ တစ်အုပ်စုတည်းကျရောက်နေသည်။
Photo – MSTAF
