Tuesday, April 21, 2026

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂...

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့်...

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀)...
HomeInternationalကမ္ဘာ့ပထမဆုံး ဇီဝကွန်ပျူတာ စတင်မိတ်ဆက်

ကမ္ဘာ့ပထမဆုံး ဇီဝကွန်ပျူတာ စတင်မိတ်ဆက်

လူ့ဦးနှောက်ဆဲလ်များနှင့် ဆီလီကွန်တို့ကို ပေါင်းစပ်ကာ လူလုပ်ဇီ၀အသိဉာဏ်တု(Synthetic Biological Intelligence – SBI)အဖြစ်ဖန်တီးထားသည့် ကမ္ဘာ့ပထမဆုံး ဇီဝကွန်ပျူတာ CL1 ကို ဩစတြေလျနိုင်ငံအခြေစိုက် သုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် Cortical Labs က စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။

ဆီလီကွန်ချစ်ပ်များကို အခြေခံသည့် ထုံးတမ်းစဉ်လာ AI နည်းပညာနှင့်မတူဘဲ၊ ယခုနည်းပညာသည် ဓာတ်ခွဲခန်းတွင် မွေးထုတ်ထားသော အာရုံခံဆဲလ်များ(neurons) ကို အသုံးပြုကာ လျှပ်စစ်စွမ်းအင်အနည်းငယ်ဖြင့် လျင်မြန်စွာ သင်ယူနိုင်စွမ်းနှင့် ပြောင်းလဲတိုးတက်နိုင်စွမ်း ရှိပါသည်။

ဤထိုးဖောက်တီထွင်မှုနည်းပညာသည် တိုးတက်လာသည်နှင့်အမျှ ကျင့်ဝတ်ဆိုင်ရာ စဉ်းစားစရာ မေးခွန်းများပေါ်ပေါက်လာစေသော်လည်း Cortical Labs ကမူ ယင်းကိစ္စများကို တာဝန်ယူမှုရှိစွာ ဖွံ့ဖြိုးတိုးတက်ရန် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ လူလုပ်ဇီ၀အသိဉာဏ်တု(SBI)သည် ဇီဝဉာဏ်ရည်နှင့် စက်မှုဉာဏ်ရည်(AI) အကြား ကွာဟချက်ကို ဖြည့်ဆည်းပေးကာ AI ခေတ်တွင် ဉာဏ်ရည်ဆိုသည့် အဓိပ္ပာယ်ကို အသစ်ပြန်လည်သတ်မှတ်နိုင်စေခဲ့သည်။

ကမ္ဘာ့ပထမဆုံး ဇီဝကွန်ပျူတာ CL1 ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် တရားဝင်မိတ်ဆက်ခဲ့ပြီး သုတေသီများအနေဖြင့် “Wetware-as-a-Service(WaaS)” cloud ပလက်ဖောင်းမှတစ်ဆင့် အဝေးမှဖြစ်စေ၊ တစ်ခုလုံးဝယ်ယူခြင်းဖြင့်ဖြစ်စေ လူလုပ်ဇီ၀အသိဉာဏ်တုကွန်ရက်များနှင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်၍ အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

ဤတီထွင်မှုသည် ဆေးဝါးရှာဖွေခြင်း၊ ရောဂါမော်ဒယ်ပြုလုပ်ခြင်းနှင့် AI ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော နယ်ပယ်များကို ပြောင်းလဲနိုင်ပြီး ထုံးတမ်းစဉ်လာကွန်ပျူတာစနစ်များထက် ပိုမိုလိုက်လျောညီထွေရှိကာ ရေရှည်တည်တံ့သော အခြားရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ကြောင်း သုတေသီတို့က ဆိုကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့၌ ဆီတင်သင်္ဘောများမီးလေ-ာင်မှုအား နာရီပေါင်း ၂၂ နာရီခန့်ကြာချိန်တွင် မီးထိန်းနိုင်ပြီဖြစ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ဧပြီ ၂၀ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွားခဲ့ရာ နာရီပေါင်း ၂၂ နာရီခန့်ကြာငြှိမ်းသတ်ခဲ့ရပြီး ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းမှသာ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော ဆီတင်သင်္ဘောများမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် စတင်လောင်ကျွမ်းသည့်အချိန်မှစကာ နာရီပေါင်း ၂၂ နာရီခန့်ကြာ ယနေ့ ဧပြီ ၂၁ ရက်ညနေ ၄ နာ...

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာမည်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်းက ဧပြီလ ၂၁ ရက်နေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အဆိုပါ သုံးနိုင်ငံအား တရုတ်နိုင်ငံ၏ "ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ" ဟု ခေါ်ဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်အပတ်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်၊ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၊ အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိတ်ခါလစ် ဘင် မိုဟာမက်...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနထုတ်ပြန်

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရ ခိုင်၊ ရှမ်းပြည်နယ်များတွင် ပုံမှန်ထက် လျော့နည်းနိုင်ပြီး စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းနှင့်အတူ ပုံမှန်အတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းရက်များအနေဖြင့် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၃) ရက်မှ (၆)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071