Monday, May 4, 2026

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ...

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...
HomeInternationalကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းသည် ရုရှားကြောင့်မဟုတ်ဟုသမ္မတပူတင်ပြော

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းသည် ရုရှားကြောင့်မဟုတ်ဟုသမ္မတပူတင်ပြော

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းသည် ရုရှားကြောင့်မဟုတ်ဟုသမ္မတပူတင်ပြော

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအခက်အခဲသည် ရုရှား – ယူကရိန်းအရေးကြောင့်မဟုတ်ပဲ ရုရှားမှဆန်တင်ပို့ခြင်းကို တားမြစ်ခဲ့သည့်အနောက်နိုင်ငံများကြောင့်သာဖြစ်သည်ဟု ရုရှားသမ္မတပူတင်က ဇွန် ၂၄ ရက် သောကြာနေ့ကဆိုသည်။

တရုတ်၊အိန္ဒိယ၊ဘရာဇီး နှင့် တောင်အာဖရိကအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံ မှ ခေါင်းဆောင်များ ပါဝင်သည့် “BRICS Plus” အွန်လိုင်းထိပ်သီးဆွေးနွေးပွဲတွင် အစားအသောက်စျေးကွက်သည် အဆိုးရွားဆုံးအခြေနေဖြင့် ဟန်ချက်ပျက်နေကြောင်း ပူတင်ကပြောကြားခဲ့သည်။

ရုရှားနှင့်ဘီလာရုစ်တို့မှ ဓာတ်မြေသြဇာများ တင်ပို့ခြင်းအပေါ် ကန့်သတ်ခဲ့သည့်အနောက်နိုင်ငံများကြောင့်(အထူးသဖြင့်အမေရိကန်ပြည်ထောင်စု)
ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုကိုမတည်မငြိမ်ဖြစ်စေခြင်းနှင့် မော်စကိုမှ စပါးတင်ပို့ရန် ခက်ခဲခြင်း တို့ကိုဖြစ်‌စေသည်ဟုလည်းဆိုခဲ့သည်။

“စပါးကဲ့သို့သော လယ်ယာထွက်ကုန်များ၏ ဈေးနှုန်းမြင့်တက်လာမှုသည် အခက်ခဲ​နေသည့်ဖွံ့ ဖြိုးဆဲနိုင်ငံများကိုထိခိုက်စေရုံသာမက လူဦးရေအများစု အတွက် ဂျုံမှုန့်ကိုအဓိကအားထားနေရသည့် ဖွံ့ဖြိုးဆဲစျေးကွက်များကိုပါထိခိုက်စေသည်” ဟုလည်းသမ္မတကပြောသည်။

ထို့ပြင် ရုရှား၏ယူကရိန်းသို့ စစ်ရေးစတင်ချိန်မှစ၍ ယူကရိန်းဆိပ်ကမ်းများတွင် ပိတ်မိနေခဲ့သော စပါးများနှင့်ပတ်သက်၍လည်း ” ဒီလိုပိတ်ထားလိုက်ရုံနဲ့ ကမ္ဘာ့ဆန်ဈေးကွက်ရဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်တာမှမဟုတ်တာ” ဟု​ပြောကာပြစ်တင်ဝေဖန်ခဲ့သည်။

ရုရှားသည် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်တွင် အဓိကကျသော ဇာတ်ဆောင်တစ်ဦးဖြစ်ပြီး ၎င်း၏ စာချုပ်ပါဝတ္တရားများအားလုံးကိုအမှန်တကယ် ဖြည့်ဆည်း‌ပေးရန် အသင့်ရှိကြောင်းလည်း ပူတင်ကပြောကြားခဲ့သည်။

ရုရှတပ်ဖွဲ့များက ဆိပ်ကမ်းမြို့ကိုစီးမိ​ထား​သော်လည်း ဂျုံတန်ချိန် သန်းပေါင်းများစွာသည် လက်ရှိတွင် ယူကရိန်းဆိပ်ကမ်းများ၌ ပိတ်မိနေဆဲဖြစ်သည်။ ရုရှားတပ်ဖွဲ့၏ သင်္ဘောများသည်လည်း ပင်လယ်နက်တွင်ချထားသော ရေမြှုပ်မိုင်းအန္တရာယ်နှင့်ရင်ဆိုင်နေရသည် ဟုဆိုသည်။

ဝါရှင်တန်နှင့်ဘရပ်ဆဲလ်တို့သည် မော်စကိုအား ပြင်းထန်သောပိတ်ဆို့အရေးယူမှုများဖြင့်ဒဏ်ခတ်ခဲ့မှုသည် ရုရှားသမ္မတပူတင်အတွက် စျေးကွက်သစ်များရှာဖွေရန်အာဖရိက၊အာရှနိုင်ငံများနှင့် ဆက်ဆံရေးကိုခိုင်မာအောင်ပြုလုပ်စေသည့် တွန်းအားဖြစ်လာ​စေခဲ့သည်။

Source – Aljerzeera

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ " နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။ ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအ တွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပ ညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071