Tuesday, December 16, 2025

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...
HomeInternationalကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးထိပ်သီးညီလာခံကို ပေကျင်းတွင်...

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးထိပ်သီးညီလာခံကို ပေကျင်းတွင် မကြာမီကျင်းပမည်

တရုတ်နိုင်ငံတွင် ၁၉၉၅ ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့အမျိုးသမီးညီလာခံ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ပေကျင်းမြို့တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးထိပ်သီးညီလာခံကို မကြာမီ ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ပြီးခဲ့သည့်သောကြာနေ့က ထုတ်ပြန်ခဲ့သည့် “ခေတ်သစ်တွင် တရုတ်အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တရုတ်နိုင်ငံ၏ အောင်မြင်မှုများ” ခေါင်းစဉ်ဖြင့် သတင်းကို အသေးစိတ်ရှင်းပြပေးရန် သတင်းထောက်များက မေးမြန်းသည့်အခါ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ် ၃၀ က ကုလသမဂ္ဂ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကို ပေကျင်းတွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ အဆိုပါညီလာခံကို အမှတ်တရပြုရန်နှင့် ပေကျင်းကြေညာစာတမ်းနှင့် လုပ်ငန်းအစီအစဉ်တို့ကို အကောင်အထည်ဖော်ရန်အတွက် လွန်ခဲ့သည့် ၁၀ နှစ်က တရုတ်အစိုးရနှင့် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့တို့သည် နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး ထိပ်သီးညီလာခံကို ပူးတွဲကျင်းပခဲ့ကြောင်း Guo က ပြောသည်။

လွန်ခဲ့သည့်ငါးနှစ်က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ၂၀၂၅ ခုနှစ်တွင် နောက်ထပ် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးထိပ်သီးညီလာခံကို ကျင်းပရန် အဆိုပြုခဲ့ကြောင်းကိုလည်း Guo က ဖြည့်စွက်ပြောသည်။

ကမ္ဘာလုံးဆိုင်ရာရှုထောင့်မှကြည့်လျှင် ၂၀၃၀ ပြည့်နှစ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ ပြည့်မီရန် နောက်ထပ်ငါးနှစ်သာ ကျန်တော့ကြောင်း Guo က မှတ်ချက်ပြုသည်။

ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ကြီးမားသော အခွင့်အလမ်းများလည်း ရှိနေကြောင်း သူက ဆိုသည်။

“ကျား-မ တန်းတူညီမျှရေးနဲ့ အမျိုးသမီးတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာမှာ တရုတ်နိုင်ငံဟာ ထောက်ခံသူဖြစ်ရုံသာမက တက်ကြွစွာဆောင်ရွက်သူလည်း ဖြစ်ပါတယ်” ဟုလည်း Guo က ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှစတင်၍ တရုတ်နိုင်ငံရှိ အမျိုးသမီးများ၏လုပ်ငန်းသည် စည်ပင်ဝပြောလာပြီး သမိုင်းဝင်အောင်မြင်မှုများနှင့် ဘက်စုံတိုးတက်မှုများရရှိခဲ့ကြောင်း Guo က အလေးပေး ပြောကြားခဲ့သည်။ တရုတ်ဝိသေသလက္ခဏာရပ်များနှင့်အတူ ဆိုရှယ်လစ်အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသည် အသက်ဝင်လှုပ်ရှားမှုနှင့် ထူးခြားသောအားသာချက်များကို ပြသခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ပြီးခဲ့သည့်သောကြာနေ့က ယင်းသတင်းကို ထုတ်ပြန်ရခြင်းသည် ပေကျင်းကြေညာစာတမ်းနှင့် လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရာတွင် တရုတ်နိုင်ငံ၏ အဓိကအောင်မြင်မှုများကို အပြည့်အဝပြသရန်၊ ခေတ်သစ်တွင် ကျား-မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးမည့် အယူအဆများ၊ မူဝါဒများနှင့် ဆန်းသစ်သော လက်တွေ့အလေ့အကျင့်များအပြင် စိတ်အားတက်ကြွစေသော တရုတ်အမျိုးသမီးများ၏စိတ်ဓာတ်ကို စနစ်တကျ မိတ်ဆက်ပေးရန်၊ တရုတ်နိုင်ငံ၏ အသိပညာ၊ အတတ်ပညာတို့ကို အထောက်အပံ့ပေးရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအတွက် တရုတ်နိုင်ငံ၏အတွေ့အကြုံကို မျှဝေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakunက ပြောသည်။

Source:ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု ထရမ့် ပြောကြား

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ အလျှော့အတင်းပြုလုပ်မည့် အလားအလာနှင့် သက်ဆိုင်ခြင်း ရှိမရှိ မေးမြန်းသောအခါ သူက - "အမှန်အတိုင်း ပြောရရင် သူတို့က နယ်မြေကို ဆုံးရှုံးပြီးသားပါပဲ။ ဆိုလိုတာက နယ်မြေဟာ ဆုံးရှုံးပြီးသားပါ" ဟု ပြောခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့က ဥရောပနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဥရောပက အဲဒီထဲမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ စစ်ပွဲ ထပ်မဖြစ်အောင်...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာတပ်ဆင်လျက်ရှိပြီး တပ်ဆင်ချိန်(၁၂)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံတော် ယာယီသမ္မတလှူဒါန်းထားသော တံတားအကျယ်(၁၂)ပေ (၈)လက်မ၊ အရှည် (၁၀၀)ပေရှိ ယာယီဘေလီသံပေါင်တံတားကို တပ်ဆင်နေခြင်းဖြစ်ကာ ဘုရားပွဲတော်ကျင်းပစဉ်ကာလတစ်လျောက်အသုံးပြုသွားမည်ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း(၈၆)ရက်ကြာ အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071