Thursday, June 18, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

မိုးပျံတိုက်ခေါင်ညွန့်များအောက်က အင်ဂျင်နီယာပညာ – တရုတ်နိုင်ငံ၏...

ဤမျှကြီးမားလွန်းသည့် မြို့ပြဗိသုကာ အံ့ဖွယ်ကြီးများ၏ နောက်ကွယ်တွင် ခိုင်မာသော မြေသားခံနိုင်ရည် ရှိစေရန်နှင့် သန်းနှင့်ချီသော လူဦးရေအတွက် ရေပေးဝေမှု ပြတ်တောက်မသွားစေရန် အဆင့်မြင့် သိပ္ပံနှင့်...

လေဆိပ်သဖွယ် ခေတ်မီအရှေ့ဟန်ကျိုးဘူတာသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့သို့ အမြန်ရထား...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈...
HomeInternationalကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု ညဏ်ကြီးရှင်အဖွဲ့တစ်ခုက တနင်္လာနေ့တွင် ထုတ်ဖော်ပြောဆို လိုက်သည်။

၂၀၂၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခန့်မှန်းခြေ နျူကလီးယားထိပ်ဖူးသိုလှောင်ထားရှိမှုသည် ၁၂,၂၄၁ ခုရှိပြီး ထိပ်ဖူး ၉,၆၁၄ ခုခန့်သည် အသုံးပြုရန်အလာလားရှိသော စစ်ဖက်လက်နက်တို-က်များတွင်ရှိနေကြောင်း စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့က၎င်း၏ ကမ္ဘာ့အန္တရာယ်အများဆုံး လက်နက်များဆိုင်ရာ နှစ်စဉ်စာရင်း အနှစ်ချုပ်စာအုပ်တွင် ဖော်ပြခဲ့သည်။

တပ်ဖြန့်ထားသော ထိပ်ဖူး ၂,၁၀၀ ဝန်းကျင်သည် ပဲ့ထိန်းဒုံးကျည်များတွင် စစ်ဆင်ရေးဆိုင်ရာ တပ်လှန့်မှုမြင့်မားသော အခြေအနေတွင်ထားရှိထားပြီး ၎င်းထိပ်ဖူးအားလုံးနီးပါးသည် အမေရိကနှင့် ရုရှားတို့မှဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်း တင်းမာမှုများသည် နျူကလီးယားလက်နက်ပိုင် ၉ နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့တွင် တွေ့မြင်နေရပြီး ၎င်းနိုင်ငံများသည် ၎င်းတို့ ၏လက်နက်သိုလှောင်မှုကို တိုးမြှင့်ရန် စီစဉ်နေကြကြောင်း SIPRI က ဆိုသည်။

“စစ်အေးတိုက်ပွဲပြီးကတည်းက ကြာမြင့်လှပြီဖြစ်တဲ့ ကမ္ဘာမှာ နျူကလီးယားလက်နက်အရေအတွက် လျှော့ချရေးခေတ်က ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အဲဒီအစား နျူကလီးယားထိပ်ဖူးတွေ တိုးပွားလာမှု၊ နျူကလီးယားခြိမ်းခြေ-ာက်သံတွေ ပေးလာမှုနဲ့ လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေကို စွန့်လွှတ်လာမှုရဲ့ ရှင်းလင်းသောလမ်းကြောင်းကို ကျွန်တော်တို့ မြင်တွေ့လာရပါတယ်” ဟု SIPRI က ပြောဆိုသည်။

နျူကလီးယားလက်နက်အားလုံး၏ ၉၀ ရာခိုင်နှုန်းကို ခွဲဝေပိုင်ဆိုင်ထားသည့် ရုရှားနှင့် အမေရိကတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ အသုံးပြုနိုင်သော ထိပ်ဖူးများ၏ ပမာဏကို ၂၀၂၄ ခုနှစ်တွင် တည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့သည်ဟု SIPRI က ဆိုသည်။ သို့ရာတွင် အဆိုပါနှစ်နိုင်ငံသည် အနာဂတ်တွင် ၎င်းတို့ လက်နက်များ၏ ပမာဏကို တိုးလာစေမည့် ကျယ်ပြန့်သော ခေတ်မီပရိုဂရမ်များကို အကောင်အထည်ဖော်နေကြသည်။

အလျင်အမြန်တိုးလာနေသော လက်နက်တို-က်မှာ တရုတ်နိုင်ငံမှဖြစ်ပြီး ပေကျင်းသည် ၂၀၂၃ ခုနှစ်စ၍ တစ်နှစ်လျှင် ထိပ်ဖူးသစ် ၁၀၀ ခန့် ဖြည့်စွက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ဆယ်စုနှစ်အတွင်း ရုရှား သို့မဟုတ် အမေရိကကဲ့သို့ တို-က်ချင်းပစ်ဒုံးကျည်အမြောက်အများကို ပိုင်ဆိုင်လာနိုင်ခြေရှိသည်။

ခန့်မှန်းမှုများအရ ရုရှားနှင့် အမေရိကတို့သည် နျူကလီးယားထိပ်ဖူး ၅,၄၅၉ ခုနှင့် ၅,၁၇၇ ခုဖြင့် အသီးသီး ပိုင်ဆိုင်ထားကြပြီး တရုတ်နိုင်ငံက ထိပ်ဖူး ၆၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

Ref: အေအိုအယ်လ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့ပြီးနောက် Huajia Shanzhuang Hotel သို့ ဆက်လက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဟိုတယ်သို့ ရောက်ရှိချိန်တွင် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား...

မိုးပျံတိုက်ခေါင်ညွန့်များအောက်က အင်ဂျင်နီယာပညာ – တရုတ်နိုင်ငံ၏ ဧရာမကွန်ဒိုအိမ်ရာကြီးများ မြေအောက်ရေ မသုံးရခြင်း အကြောင်းများတရုတ်နိုင်ငံ၏ မြို့ကြီးပြကြီးများသို့ ရောက်ရှိပါက ထောင်နှင့်ချီသော အဆင့်မြင့်ကွန်ဒို တိုက်ခန်းအမြင့်ကြီးများ တစ်ခုနှင့်တစ်ခု စိပ်စိပ်ကပ်ကပ် အစုအပြုံလိုက် တည်ဆောက်ထားသည့် ထူးခြားသော အခင်းအကျင်းကို မြင်တွေ့ကြရမည် ဖြစ်သည်။

ဤမျှကြီးမားလွန်းသည့် မြို့ပြဗိသုကာ အံ့ဖွယ်ကြီးများ၏ နောက်ကွယ်တွင် ခိုင်မာသော မြေသားခံနိုင်ရည် ရှိစေရန်နှင့် သန်းနှင့်ချီသော လူဦးရေအတွက် ရေပေးဝေမှု ပြတ်တောက်မသွားစေရန် အဆင့်မြင့် သိပ္ပံနှင့် အင်ဂျင်နီယာနည်းပညာများကို စနစ်တကျ အသုံးချထားရသည်။ ၁။ အဝီစိတွင်းများ ပိတ်ပင်၍ ဗဟိုပြုစနစ်ဖြင့် မြေအောက်ရေကို ထိန်းသိမ်းခြင်းလူဦးရေ သန်းနှင့်ချီ နေထိုင်ကြသည့် ဤကဲ့သို့သော ဧရာမမြို့ပြအိမ်ရာကြီးများတွင် သာမန်အတိုင်း မြေအောက်ရေကို အဝီစိတွင်းတူး၍ စုပ်ယူသုံးစွဲခြင်းကို အစိုးရက တင်းကျပ်စွာ တားမြစ်ပိတ်ပင်ထားသည်။ အကယ်၍ ကွန်ဒိုတိုက်တိုင်းက မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူပါက မြေအောက်ရေလွှာများ ခန်းခြောက်ပြီး...

လေဆိပ်သဖွယ် ခေတ်မီအရှေ့ဟန်ကျိုးဘူတာသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိ

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station မှ ထွက်ခွာလာသော G253 အမြန်ရထားဖြင့် လိုက်ပါစီးနင်းလာခဲ့ခြင်းဖြစ်ပြီး ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့သည်။ အရှေ့ဟန်ကျိုးဘူတာသည် ခေတ်မီဒီဇိုင်းဖြင့် တည်ဆောက်ထားသော တရုတ်နိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071