Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomePoemကဗျာရေးလို့မရတဲ့နေ့က ဒီ ကဗျာကိုရေးခဲ့တယ်

ကဗျာရေးလို့မရတဲ့နေ့က ဒီ ကဗျာကိုရေးခဲ့တယ်

ကျွန်တော်ကဗျာရေးချင်နေတယ်
တိမ်တွေ အချိတ်ခံထားရတဲ့
ကောင်းကင်ကြီးရဲ့ အကြောင်း
ပျိုမျစ်ချင်ယောင်ဆောင်ထားတဲ့
ဗာဒံပင်အိုကြီးတွေရဲ့ အကြောင်းကို
ကျွန်တော် ကဗျာရေးချင်နေတယ်။

ကျွန်တော် ကဗျာရေးချင်နေပါတယ်
အသစ်တွေ များသလောက်
အစစ်တွေ ရှားရှားလာတဲ့ခေတ်ကြီး
တစ်ခေတ်ရဲ့ အကြောင်း
Sexy တွေ များသလောက်
အချစ်တွေ ပါးလျကွယ်ပျောက်လာတဲ့
လူနေမှုစနစ်ကြီးရဲ့ အကြောင်းကို
ကျွန်တော် ကဗျာရေးချင်နေတယ်။
ကျွန်တော် ကဗျာရေးချင်နေပါတယ်
အာဏာကို ဂါထာလိုရွတ်နေခဲ့သူတွေရဲ့
အကြောင်း
ကဗျာကို ဘာသာတစ်ခုလို
ကိုးကွယ်တတ်သူတွေရဲ့ အကြောင်း

ပြီးတော့
ကဗျာရေးလို့ မရတဲ့နေ့က
ဒီကဗျာကို ကျွန်တော်ရေးခဲ့တယ်ဆိုတဲ့ အကြောင်းကို
ကျွန်တော် ကဗျာရေးချင်နေပါတယ်
ကျွန်တော် ကဗျာရေးချင်နေတုန်းပါပဲ
ဒါနဲ့
ခင်ဗျားရော ကဗျာမရေးချင်ဘူးလား။

မင်းည

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071