Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeEntertainmentကဗျာချစ်သူတွေဆုံကြတဲ့ ကဗျာဆရာ မောင်ချောနွယ်...

ကဗျာချစ်သူတွေဆုံကြတဲ့ ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ် ပြည့် အမှတ်တရ ပွဲ

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့်အမှတ် တရ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ် ၂ နာရီက့ ညေါသည သြသု ဏူဖေေ မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်း အနားမှာ ဆရာမောင်ချောနွယ်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိန် (ညီမ လေး မမမြင့်)က အမှတ်တရစကား ပြောကြားခဲ့ပြီး ဆရာ စောဝေ၊ စိုင်း ဝင်းမြင့်၊ လင်းလက်တာရာ အစရှိတဲ့ ကဗျာဆရာတွေက ဆရာမောင်ချော နွယ် အမှတ်တရ ကဗျာရွတ်ခဲ့ကြပါ တယ်။

“ဒီပွဲလေးကတော့ ဆရာမောင် ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ် ပြည့် အမှတ်တရပွဲလေးပါ။ ဒီပွဲကို ဆရာ မြေမှုန်လွင်က စီစဉ်ပြီး ဖိတ် စာတွေ ရိုက်စသည်ဖြင့် လုပ်ပေးပါ တယ်။ ဒီပွဲလေးကိုအချိန်ပေးပြီး လာ ရောက်ကြတဲ့ ကဗျာချစ်သူ၊ ဆရာ မောင်ချောနွယ်ကို ချစ်သူတွေ အား လုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ညီမလေး မမမြင့်က ပြောပါတယ်။

ဆရာမောင်ချောနွယ်နဲ့ ပတ် သက်တဲ့ အမှတ်တရတွေအကြောင်း ကိုတော့ ကဗျာဆရာတစ်ဦးဖြစ်တဲ့ ဆရာ စောဝေက “အမှတ်တရက တော့ ကျွန်တော်တို့လိုအရွယ် ခေတ် ပေါ်ကဗျာဆရာတွေဟာ ဆရာမောင် ချောနွယ် ဆိပ်ကမ်းကို မကပ်ဘဲနဲ့ ဘယ်သူမှ ခေတ်ပေါ်ကဗျာဆရာ၊ ဆရာမမဖြစ်ဘူးပေါ့။ ဆရာ့ရဲ့ ကဗျာ တွေကို ဖတ်ရှုရုံတင် မဟုတ်ဘူး၊ ဆရာ့ဆီကိုပါ ရောက်အောင် သွား ကြရတယ်။ ဆရာ့ရဲ့ ကဗျာရွတ်သံကို နားထောင်ကြရတယ်ပေါ့။ ဆရာ့ရဲ့ ကဗျာတွေအကုန်လုံးက အသံသာ တယ်၊ ချိုတယ်။ အဲဒီမှာ ကျွန်တော် တစ်ခု ကံကောင်းတာက ကျွန်တော် က ဆရာ့ဆီ မသွားခဲ့ရဘူး။ ဆရာက ကျွန်တော်နေတဲ့ ဖြူးမြို့က ဝဲဒေါင့်ဆို တဲ့ ရွာလေးကို ဇာတ်မင်းသား မောင် သိန်းဇော်က ခေါ်လာပြီးတော့ ဆရာ မောင် ချောနွယ်ရယ်၊ မောင်သင်းခိုင် ရယ်က ကျွန်တော်တို့ဆီ ရောက်လာ ခဲ့တယ်။ အဲဒီမှာ ကဗျာအကြောင်း၊ စာအကြောင်းတွေ ထိုင်ပြောကြတာ ပေါ့။ ဒါကတော့ ဆရာမောင်ချော နွယ်နဲ့ပတ်သက်ပြီး အမှတ်တရလေး တစ်ခုပါ။ ဆရာက ကျွန်တော့်ကို အတော် လွှမ်းမိုးပါတယ်။ မော်ဒန် ကဗျာမှာလည်း ဆရာက ဖယ်ထား လို့မရတဲ့ နတ်ဒေဝတာတစ်ဆူပါပဲ” လို့ ပြောပြပါတယ်။

ဆရာမောင်ချောနွယ်ကို ၁၉၄၉ ခုနှစ်မှာ ရန်ကုန်မြို့မှာ မွေးဖွား ခဲ့ပါတယ်။ မြန်မာကဗျာ ဖြစ်ပေါ် တိုးတက်မှုမှာ အရေးပါတဲ့ ခေတ်ပေါ် ကဗျာဆရာတစ်ဦးအဖြစ် ကိုက်လမ်း၊ ညီမလေး မမမြင့်၊ ညနေခင်းကဗျာ၊ ပန်းသီး၊ မြို့သစ်မိုး၊ ရန်သူမဲ့သော နေ့ရက်များ အစရှိတဲ့ ကဗျာပုဒ်ရေ ရာပေါင်းများစွာ ရေးသားခဲ့ပြီး ကဗျာလုံးချင်းစာအုပ် ၁ဝ အုပ်ကျော် ထုတ်ဝေခဲ့ပါတယ်။ မျိုးဆက်သစ် ကဗျာဆရာတွေအပေါ် များစွာလွှမ်း မိုးမှုရှိတဲ့ ကဗျာဆရာတစ်ဦး ဖြစ်ပြီး သူ့ရဲ့ ကဗျာတွေဟာလည်း ယနေ့ ထက်တိုင် ရေပန်းစားအောင်မြင်နေဆဲဖြစ်ပါတယ်။ ဆရာမောင်ချောနွယ် ဟာ ၂ဝဝ၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကွယ်လွန် ခဲ့ပါတယ်။

စုမွန်

Ads Space Available


Continue reading

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တော ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရအပ်နှင်း ထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၇၇၁) ဧကရှိသောနယ်မြေကို "ရမန်းချောင်း ကြိုးပြင်ကာကွယ်တော" အဖြစ် ဧပြီလ (၃၀)ရက်မှစ၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင် ပင်းမာကမ်းနှင့် ထမံသီကမ်းအထိ တံတားဆက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီးမြို့- ပန်ဆပ် - ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်နေခြင်းလည်း ဖြစ်သည်။ ထိုမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှုလွယ်ကူမြန်ဆန်လာမည်လည်း ဖြစ်သည်။ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် ၈၀၁ မီတာ၊ အကျယ် ၉.၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင် အဆိုပြုခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတစ်ရပ်ကို ဖော်ဆောင်ရန် ရည်ရွယ်သင့်ကြောင်း သူကပြောကြားခဲ့သည်။ စစ်ပွဲအဆုံးသ-တ်ရေးအတွက် လက်ရှိအထိ လိုက်လျောမှုအနည်းငယ်သာ ကမ်းလှမ်းထားသော ရုရှားခေါင်းဆောင်က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်မည့် ဆွေးနွေးမှုများသည် လက်နက်ပြန်လည်အင်အားဖြည့်ခွင့်ပေးသည့် အပစ်ရပ်ခြင်းမျိုးထက် စစ်ပွဲ၏အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းကာ ရေရှည်ငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်ရမည်ဖြစ်သည်ဟု ဆိုခဲ့သည်။ “ကြိုတင် စည်းကမ်းသတ်မှတ်ချက်များ မထားရှိဘဲ ကိဗ်နှင့် တိုက်ရိုက်ညှိနှိုင်းမှုများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071