Friday, November 14, 2025

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် (...

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု...

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ...

မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ...
HomeInternationalကန်ချနာဘူရီတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၂...

ကန်ချနာဘူရီတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၂ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ လုပ်ငန်းခွင်များသို့ ပို့ဆောင်ပေးရန်အတွက် ထောင်ဖာဖွမ်ခရိုင်ရှိ တောတွင်းတစ်နေရာတွင် စောင့်ဆိုင်းနေကြသည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၂ ဦးသည် တနင်္ဂနွေနေ့က ဖမ်းဆီးခံလိုက်ရသည်။

တရားမဝင်လုပ်သားများသည် ထာခါနွန်မြို့နယ်ရှိ တောတွင်းတစ်နေရာတွင် ပုန်းအောင်းနေကြကြောင်း ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အထီဆန်အင်ထရာက သတင်းရရှိခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံသားများဖြစ်ကာ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြာင်းသတင်းက ဖော်ပြခဲ့သည်။

သတင်းအရ ထောင်ဖာဖမ် အထူးတပ်ဖွဲ့က ရှာဖွေခဲ့ရာတွင် လူ ၁၆၂ ဦးပါအဖွဲ့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့သည် အာဏာပိုင်များထံ အသာတကြည် အဖမ်းခံခဲ့သည်။

ယင်းအဖွဲ့တွင် အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၅၇ ဦးနှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြားရှိ ယောက်ျားလေးနှင့် မိန်းကလေး ၁၁ ဦးပါဝင်သည်။

ထောင်ဖာဖမ်ခရိုင် တောတွင်းသို့ ယာဉ်မောင်းတစ်ဦးက ၎င်းတို့ကို ပို့ဆောင်ပေးခဲ့ကာ ယင်းမှတဆင့် ၎င်းတို့ကို မြို့တွင်းသို့ အခြားယာဉ်တစ်စီးဖြင့် ခေါ်ဆောင်ပေးမည်ဖြစ်သောကြောင့် နောက်ထပ် ၅ နာရီခန့် စောင့်ဆိုင်းနေကြရန် ထိုယာဉ်မောင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်းတို့အနေဖြင့် ဆမွတ်ဆခွန့်၊ ဘန်ကောက်၊ ချွန်ဘူရီ၊ အယုဒ္ဓယနှင့် ဆွန်ခလာတို့ရှိ လုပ်ငန်းခွင်ရှိရာများသို့ ပို့ဆောင်ပေးရန်အတွက် ပွဲစားများကို ဘတ် ၂၀,၀၀၀ နှင့် ၂၄,၀၀၀ အကြား ပေးခဲ့ကြရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည် နယ်စပ်ကိုဖြတ်၍ မလေးရှားသို့ ဝင်ရောက်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်နေကြ၍ နိုင်ငံတော်၏ ဘက်စုံအကျိုးစီးပွားများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် “စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်”ကို နိုင်ငံသားတိုင်း၌ မရှိမဖြစ်ရှိနေကြရန်လိုအပ်သည်ဟု ပြောသည်။ မြန်မာစာပေ၊...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် ( MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ (၁၄) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ MEVM ကို ပြည်တွင်းနည်းပညာရှင်များ က ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး စက်၏ အရည်သွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးရန် အမျိုးသားစံချိန်စံညွှန်းကောင်စီကတင်ပြခဲ့ခြင်း ဖြစ်သည်။ ကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် (၂၀) ဦးဖြင့် ဖွဲ့စည်းပြီး MEVM...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲသို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တက်ရောက်ပြီးနောက် YMBA ၏ (၇၅) ကြိမ် မြောက်စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် မြန်မာဘာသာ (အကြီးတန်း)၊ ပအိုဝ်းဘာသာ (အကြီးတန်း)နှင့် မွန်ဘာသာ (အငယ်တန်း) တို့တွင် ပထမဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071