ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့ရှိ စျေးဟောင်မှစျေးဆိုငိခန်းများမီးလောင်မှု ယနေ့ စက်တင်ဘာ ၃၀ ရက်ည ၉ နာရီ ၁၇ မိနစ်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ယခင်ဈေးဟောင်းအတွင်းမှ ဆိုင်ခန်းများမီးလောင်နေသဖြင့် ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၄၅ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
