Looking for something?

Explore the website

Looking for something?

Tuesday, June 10, 2025

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က...

တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၃၁)...

ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း...

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက...

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်...
HomeNewsLocal Newsကန့်သတ်နယ်မြေကျော်လွန်သွားရောက်သည့် မြန်မာနိုင်ငံသားများ အထောက်အထားအစုံအလင်...

ကန့်သတ်နယ်မြေကျော်လွန်သွားရောက်သည့် မြန်မာနိုင်ငံသားများ အထောက်အထားအစုံအလင် ပြသနိုင်ပါက နေရပ်ပြန်နိုင်ဟုဆို

တရုတ်ပြည်ရောက် မြန်မာနိုင်ငံသားများ ကန့်သတ်နယ်မြေကျော်လွန်သွားရောက်သည့်အတွက် နေရပ်ပြန်လိုပါက အထောက်အထားအစုံအလင်နှင့်တကွ အနည်းဆုံးဒဏ်ကြေးငွေကျပ် ၁၀၀ ပေးဆောင်၍ ပြန်နိုင်ကြောင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်မှ သိရသည်။

၆ ညအိပ် ၇ ရက်သက်တမ်းရှိသည့် တစ်ခါသုံး border pass ကိုင်ဆောင်သူများနှင့် စာအုပ်အနီကိုင်ဆောင်ထားသူများသည် ရွှေလီမြို့နယ်အတွင်းသာ သွားရောက်လည်ပတ်ခွင့်ရှိပြီး အချို့မှာ ဥပဒေချိုးဖောက်၍ တရုတ်ပြည်မကြီးအထိ သွားရောက်သူများရှိနေကြောင်းသိရသည်။

“စာရွက်စာတမ်းပြည့်စုံတယ်ဆိုရင် မလိုဘူး။ အခုကျွန်တော်တို့သွားတယ်။ သွားလို့ရှိရင် ၆ ညအိပ် ၇ ရက်ဆိုတာက နန်းတော်ဂိတ်ကနေဝင်သွားရင် ရွှေလီမြို့နယ်အတွင်းမှာပဲ သွားခွင့်ရှိတာလေ။ ရွှေလီမြို့နယ်ကိုကျော်ပြီး ဟိုဘက်တရုတ်ပြည်ထဲကိုသွားတဲ့အချိန်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် မသွားရတဲ့နေရာကိုသွားတာပေါ့။ ကန့်သတ်နယ်မြေကိုကျော်သွားတာပေါ့။ အခုနယ်စပ်ကူးတဲ့လက်မှတ်က စာအုပ်အနီပဲဖြစ်ဖြစ် တစ်ခါသုံးပဲဖြစ်ဖြစ် ၆ ညအိပ် ၇ ရက်ပဲသွားလို့ရတယ်။ ဒါပေမယ့်သူက ရွှေလီမြို့နယ်အတွင်းကိုပဲ သွားရတာ။ အဲဒါကို ကျွန်တော်တို့လူတွေက ဟိုဘက်ပြည်မကြီးအထိသွားတော့ တရုတ်ပြည်ရဲ့ ဥပဒေကိုချိုးဖောက်တာပေါ့နော်။ နယ်စပ်ဖြတ်ကျော်တယ်ဆိုပြီးတော့မှ အဲ့လိုအရေးယူတာ။ အဓိကတော့ ထောင် တစ်နှစ်ချမယ်။ ဒဏ်ငွေ ၅၀၀ ပေါ့။ ဒီဘက်က ညှိနှိုင်းတောင်းဆိုတော့ အနည်းဆုံးတစ်ရာဆောင်လို့ရတယ်။ ဒါကလည်းအထောက်အထားရှိတဲ့သူမှ ရတာပါ”ဟု လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုဌေး(နန်းတော်ဂိတ်) ကပြောသည်။

ယင်းအပြင် စာရွက်စာတမ်း မပြည့်စုံသူများမှာ ၇ ရက်ခန့်ကြာမြင့်မည်ပြီး အနည်းဆုံး ဒဏ်ငွေယွမ်တစ်ရာနှင့် တရုတ်ပြည်သို့ဝင်ရောက်ခွင့် တစ်နှစ်ပိတ်မည်ဖြစ်ကာ တရားမဝင်ပြန်လည်ဝင်ရောက်လာပါက ထောင်ဒဏ် (၅) နှစ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နေရပ်ပြန်လိုသူများအနေဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် သွားရောက်သတင်းပို့ရမည်ဖြစ်ပြီး သက်ဆိုင်ရာရဲစခန်းမှထောက်ခံစာယူ၍ ကျယ်ဂေါင် ရဲစခန်းနားမှ နိုင်ငံခြားသားများပြန်လည်ထွက်ခွာနိုင်ရေးဌာနသို့ ထပ်မံသတင်းပို့ရမည်ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က တူကီယေးနိုင်ငံဆွေးနွေးခဲ့မှု၌ ရရှိခဲ့သော သဘောတူညီချက်အရ အလဲအလှယ်လုပ်ရာတွင် အသက် ၂၅ နှစ်အောက် ဖမ်းဆီးခံထားရသူများအပြင် ပြင်းထန်‌သောဒဏ်ရာရရှိထားသူများလည်း ပါဝင်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တယ်လီဂရမ်တွင် အတည်ပြုရေးသားခဲ့သည်။ ယူကရိန်းသည် အကျဉ်းသား အလဲအလှယ်ခြင်းကိစ္စကို ဆိုင်းထားသည်ဟု မော်စကိုက စွပ်စွဲခဲ့ပြီး ကိဗ်က ငြင်းဆိုခဲ့သော သီတင်းပတ်ကုန်ပိုင်းက အငြင်းပွားမှုအပြီးတွင် ယခုအစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။ ရုရှားတွင်...

တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၃၁) ဦးတွေ့

ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁၅၄) ခုကို စစ်ဆေးခဲ့ရာမှ ကိုဗစ် (၁၉) ရောဂါ အတည်ပြုလူနာအသစ် (၃၁) ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခုထိ ပြင်းထန်လူနာ အထူးကြပ်မတ် ကုသမှုပေးရသည်လူနာနှင့် ကိုဗစ်ရောဂါဖြင့် ​ေ-သဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးချက်အရ သိရသည်။ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါးကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ ဆီးချိုရောဂါ နာတာရှည်အဆုတ်ရောဂါ...

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ပထမဆုံးအကြိမ်အဖြစ် လျှော့ချလိုက်ခြင်းဖြစ်သည်ဟု တနင်္လာနေ့မွန်းလွဲပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောကြားခဲ့ ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများကဗီဇာသက်တမ်းကိုအပြန်အလှန်လျှော့ချ ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071