ကနေဒါနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာ Cong Peiwu သည် ကနေဒါတွင် ၂၀၁၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း သည် တာဝန်ပြီးဆုံး၍ နိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးကပြောကြားခဲ့သည်။
၎င်း၏ ရုတ်တရက် ထွက်ခွါခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ချက်ချင်းမသိရှိရသေးပေ။ ေအာ့တ်ဝါရှိ တရုတ်သံရုံးကလည်း မှတ်ချက်ပေးရန်တောင်းဆိုချက်အား ချက်ချင်းတုံ့ပြန်ခြင်းမရှိ သေးပေ။
တရုတ်ဒုနိုင်ငံခြားရေး၀န်ကြီး Ma Zhaoxu သည် ကနေဒါဒုနိုင်ငံခြားရေးဝန်ကြီး David Morrison နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့နှစ်ဦးသည် “တရုတ်-ကနေဒါဆက်ဆံရေးအပါအဝင် အပြန်အလှန်အကျိုးစီးပွားနှင့်သက်ဆိုင်သည့် အခြားကိစ္စရပ်များကိုပါဆွေးနွေးခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ကနေဒါဆိုင်ရာတရုတ်သံအမတ်ကြီး ထွက်ခွာသွားကြောင်း Globe and Mail ကပထမဆုံး သတင်း ဖေါ်ပြခဲ့ပြီး ၎င်း၏တာဝန်သည် ဧပြီလ ၉ ရက်နေ့ကပြီးဆုံးခဲ့ကာ ၎င်း၏ ရုတ်ခြည်းထွက်ခွာမှုကြောင့် သံတမန်အဖွဲ့အချို့ကိုပါအံ့အားသင့်စေခဲ့သည်ဟုဆိုသည်။
ကနေဒါရဲတပ်ဖွဲ့သည် တရုတ်ဆက်သွယ်ရေးပစ္စည်းကုမ္ပဏီ Huawei Technologies ၏ ဘဏ္ဍာရေးအရာရှိချုပ် Meng Wanzhou ကို အမေရိကန်ဖမ်းဝရမ်းဖြင့်ဖမ်းဆီးခဲ့သည့် ၂၀၁၈ ခုနှစ်ကတည်းက ဥတဝါနှင့်ပေကျင်းအကြား ဆက်ဆံရေးတင်းမာလာခဲ့သည်။
တရုတ်နှင့်ကနေဒါတို့သည် အဆိုပါကိစ္စအပြင် ဟောင်ကောင်ရှိတရုတ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးဥပဒေအရေးအပါအဝင် ကနေဒါရွေးကောက်ပွဲများ၌ တရုတ်ကဝင်စွက်ဖက်သည်ဟူသော အပြန်အလှန်စွပ်စွဲမှုများကြောင့်ပါ နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာကြခြင်းလည်းဖြစ်သည်။
Source : ရိုက်တာ/အက်ဖ်အက်စ်