စစ်ကိုင်းတိုင်း၊ ကနီမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ဇွန် ၄ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ကနီမြို့၏ အနောက်ဘက်(၁၅)မိုင်ခန့်အကွာ၊ အနက် (၁၁၃)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ည ၁၀ နာရီ ၉ မိနစ် ၂၇ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
