ကာဂျီကီ မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ကင်းတားရေလှောင်တမံအတွင်းသို့ ဝင်ရေအများပြားဝင်ရော က်လာနိုင်သောကြောင့် ကန်တွင်းသိုလှောင်ရေ ကြိုတင်လျော့ချရန်လိုအပ်ကြောင်း ယနေ့ ဩဂုတ်လ (၂၅)ရက်တွင် အသိပေးထားသည်။
ကင်းတားဆည် ရေပိုလွှဲရေတံခါး အမှတ် (၂) နှင့် (၃) အား (၀.၅ပေ)စီ ထုတ်လွှတ်နေရာမှ ဩဂုတ် (၂၅) ရက် နေ့လယ် (၁၂) နာရီအချိန်မှစ၍ ရေတံခါး အမှတ်(၂) နှင့် (၃) အား (၁.၂၅ပေ)စီ ပြောင်းလဲထုတ်လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကင်းတားရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၆၇.၉၁) ပေ ဖြစ်ပြီး ကန်ရေပြည့်ရေမှတ်ရောက်ရှိရန် (၁၂.၀၉)ပေ လိုအပ်နေသေးကြောင်း သိရသည်။
