ကချင်ပြည်နယ်ဝန်ကြီးချုပ်လောင်းအဖြစ် လက်ရှိ ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပင် ဝန်ကြီးချုပ်လောင်းအဖြစ် နိုင်ငံတော်သမ္မတ က အမည်စာရင်းအဆိုပြုထားသည်။
ထိုသို့ ဦးခက်ထိန်နန်ကို အမည်စာရင်းတင်သွင်းထားသော ကြောင့် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်နိုင်ရန် အရည်အချင်းရှိမရှိ စိစစ်ပြီး ကချင်ပြည်နယ်လွှတ်တော်၌ အဆုံးအဖြတ်ပြုလုပ်ကာ အတည်ပြုချက်ရယူသွားမည် ဖြစ်သည်။
ယနေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်လောင်း အဖြစ် ဒုရဲချုပ်(ငြိမ်း) ဦးအောင်နိုင်သူ၊ မန္တလေးတိုင်း ဝန်ကြီးချုပ်လောင်းအဖြစ် ဒေါက်တာမျိုးအောင်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်လောင်းအဖြစ် ဦးခက်ထိန်နန်ကို အမည်စာရင်းတင်သွင်းမှုအဖြစ် လတ်တလောရရှိသောသတင်းများအရ သိရသည်။
