ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအတွက် အကူအညီများလိုအပ်ပါက တောင်းခံနိုင်ကြောင်း မန္တလေးတိုင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ သဘာဝဘေးအရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့က အသိပေးထားသည်။
ထိုသို့ အကူအညီများ တောင်းခံရာတွင် ကချင်ပြည်နယ်အတွင်းရှိ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်သလို သက်ဆိုင်ရာမြို့နယ်များအလိုက် အသင်းရုံး အခြေစိုက်နေရာများသို့လည်း လာရောက်ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟိုကော်မတီ)၏ သဘာဝဘေး အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး အဖွဲ့အား မန္တလေးတိုင်းဒေသကြီးကော်မတီမှ ကြီးကြပ်အုပ်ချုပ်ကာ အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေးအတွက် အသင့်စုဖွဲ့ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ထံအရေးပေါ် ဆက်သွယ်အကူအညီတောင်းခံလိုပါက ဖုန်းနံပတ် 09.881433881 (မြစ်ကြီးနားရုံး)၊ 09-424724477 (မြစ်ကြီးနားရုံး)၊ 09-400050420 (မြစ်ကြီးနားရုံး)၊ 09-425935458 (မြစ်ကြီးနားဆေးရုံ အဖွဲ့)၊ 09-887074125 (ပူတာအိုရုံး)၊ 09-782268970 (တနိုင်းရုံး)၊ 09-966790301 (တနိုင်းရုံး)၊ 09-400000840 (ဖားကန့်ရုံး)၊ 09-898126969 (နမ္မတီရုံး)၊
09-445601070 (ဟိုပင်ရုံး)၊ 09-697977778 (မိုးကောင်းရုံး) များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။