နယူးဒေလီ၊ မတ် ၇
ဗုဒ္ဓဟူးနေ့က ကက်ရှ်မီးယားရှိ နယ်စပ်ထိန်းချုပ်ရေးမျဉ်းကိုဖြတ်၍ အိန္ဒိယနှင့် ပါကစ္စတန်တပ်များကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ အနည်းဆုံး အရပ်သား ၉ ဦး ေ-သဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက ပါကစ္စတန်နှင့် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသများကို အိန္ဒိယစစ်တပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး မကြာခင်မှာပင် ပြင်းထန်သော ပစ်ခတ်မှုများစတင်ခဲ့သည်။
ပါကစ္စတန်ဘက်မှ ပစ်ခတ်တိုက်ခိုက်မှုများကို ထိရောက်စွာ တုံ့ပြန်ခဲ့ကြောင်း အိန္ဒိယစစ်တပ်အရာရှိများက ပြောကြားခဲ့သည်။
အရာရှိများ၏ ပြောကြားချက်အရ အရပ်သားသေဆုံးမှုများသည် အိန္ဒိယကထိန်းချုပ်ထားသော ကက်ရှ်မီးယားရှိ စရီနာဂါ မြို့ တော် အနောက်တောင်ဘက် ၁၈၅ ကီလိုမီတာအကွာရှိ ပွန့်ချခ် ခရိုင်သည် အဆိုးရွားဆုံး ထိခိုက်ကြောင်း သိရသည်။ ပစ်ခတ်မှုတွင် လူ ၂၈ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ဘာရာမူလာ ခရိုင် ယူရီ အပိုင်းတွင် ပစ်ခတ်မှု၌ အရွယ်မရောက်သေးသော ကလေးငါးဦး အပါအဝင် လူ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး ရာဂျူရီခရိုင်တွင် လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။
ကုပ်ဝါယာ အပါအဝင် နယ်စပ်ခရိုင်ဒေသများတွင် ပစ်ခတ်မှုများကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။
Ref: ရှင်းဟွာ