အိန္ဒိယအုပ်ချုပ်သည့်ကက်ရှ်မီးယားဒေသတွင် ယခုနှစ်အစောပိုင်းက ကမ္ဘာလှည့်ခရီးသွားများကို သတ်ဖြတ်ခဲ့သော စစ်သွေးကြွသုံးဦးကို အဆုံးစီရင်လိုက်နိုင်ပြီဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးက အင်္ဂါနေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။
ဧပြီလအတွင်းက ဖြစ်ခဲ့သော အဆိုပါ အစုလိုက် အပြုံလိုက်သ-တ်ဖြတ်မှုတွင် သေနတ်သမားများသည် အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယားရှိ ရှုခင်းသာယာေသာ တောင်ကုန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး အိန္ဒိယခရီးသွားအများစုပါဝင်သော လူ ၂၆ ဦးကို သတ်ဖြတ်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း အမျက် ဒေါသ ထွက်ခဲ့ပီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံအကြား အချိန်တိုတောင်းသော်လည်း အန္တရာယ်များသော တိုက်ခိုက်မှုများဖြစ်ခဲ့သည်။
အိန္ဒိယစစ်တပ်၊ ဗဟိုအရန်ရဲတပ်ရင်းနှင့် ဂျမူး-ကက်ရှ်မီးယားရဲတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်သွေးကြွများကို သုတ်သင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး အမစ်ရှားက လွှတ်တော်သို့ ပြောကြားခဲ့သည်။
“Aisara valley မှာ ငါတို့နိုင်ငံသားတွေကို သတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့သူတွေက ဒီအကြမ်းဖက် သမားသုံးယောက်ဖြစ်ပီး သုံးယောက်စလုံးကို သတ်ဖြတ်ခဲ့တယ်” ဟု ရှားက ပြောကြားခဲ့သည်။
သုတ်သင်ခဲ့သည့် သုံးဦးစလုံးသည် ပါကစ္စတန်နိုင်ငံသားများဖြစ်သည်ဟုလည်း ၎င်းက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့သော်လ်း အစ္စလာမာဘတ်က ငြင်းဆိုခဲ့သည်။ ဖြစ်ရပ်ဖြစ်အပြီးသီတင်းပတ်များအကြာတွင် နူးဒေလီက အိမ်နီးချင်းနိုင်ငံကို လေကြောင်းမှတိုက်ခိုက်ခဲ့ပီး နှစ်ဖက်စလုံးတွင် အသေအပျောက်များသော လက်တုန့်ပြန်တိုက်ပွဲတစ်ခုပေါ်ပေါက်ခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ကက်ရှ်မီးယားကို ပိုင်ဆိုင်သည်ဟု အသီးသီးပြောဆိုထားကြ သော်လည်း ဒေသကို ခွဲခြားအုပ်ချုပ်နေပီး ယင်းတောင်တန်းဒေသနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့သည်။
ref: စီအင်န်အင်န်
