ကမ္ဘာ့‌လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ထက်ဝက်ခန့်မြင့်တက်

0
279

ကမ္ဘာ့‌လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ထက်ဝက်ခန့်မြင့်တက်

ပြီးခဲ့သည့်မေလက လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှုသည် စက်မှုမတိုင်မီခေတ်ထက် ၅၀ ရာခိုင်နှုန်းပိုလာခဲ့ပြီး ထိုပမာဏသည် ကမ္ဘာပေါ်တွင် နှစ်သန်းပေါင်းလေးသန်းခန့်ကအထိ မတွေ့ကြုံရဖူးသော ပမာဏဖြစ်သည်ဟု အမေရိကန်ရာသီဥတု အေဂျင်စီက သောကြာနေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။

လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏသည် ၄၂၀ ppm ကျော်လွန်သွားကြောင်း အမျိုးသားသမုဒ္ဒရာနှင့်လေထုဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ (NOAA) မှပြောကြားခဲ့သည်။ ppm သည်လေထုညစ်ညမ်းမှုကို တိုင်းတာမှုယူနစ်တစ်ခုဖြစ်သည်။(ppm – Parts Per Million)

၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့လေထုထဲ၌ကာဗွန်ဒိုင်အောက်ဆိုဒ် ၄၁၇ ppm ပါဝင်ခဲ့ကာ ပြီးခဲ့သည့်မေလတွင် ၄၁၉ ppm သို့မြင့်တက်လာခဲ့သည်။ကမ္ဘာကြီးပူနွေးလာမှုသည် လူသားတို့ကြောင့်သာဖြစ်ပေါ်လာရခြင်းဖြစ်ကာနေ့စဉ်အသုံးပြုနေကြသော မော်တော်ယာဉ်များ၊ကျောက်မီးသွေးလောင်စာများ၊စက်ရုံများ၊သစ်တောပြုန်းတီးမှုများအပါအဝင် အခြားနောက်ဆက်တွဲပြဿနာများသည်လူသားတို့အပေါ်တွင်များစွာတာဝန်ရှိသည် ဟု NOAA ကဆိုသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အပူထိမ်းနိုင်သည့် ဖန်လုံအိမ်ဓါတ်​ငွေ့ဖြစ်သဖြင့်ကမ္ဘာကြီးပူနွေးမှုကို ဖြည်းဖြည်းချင်း ဖြစ်လာစေနိုင်သည်။

ကမ္ဘာပူနွေးလာမှုကြောင့် ကြီးမားသောအကျိုးဆက်များကိုဖြစ်ပေါ်စေခဲ့သည်ဟု NOAA ကမှတ်ချက်ပြုခဲ့သည်။အပူချိန်မြင့်တက်ခြင်း၊မီးလောင်ခြင်း၊မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးရေလျှံမှုများသည် ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲပြဿနာများဖြစ်ကြသည်။

“ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာများပြားမူဟာ တစ်ခါမှ မကြုံဖူးသေးတဲ့ အဆင့်မှာ ​ရောက်နေပါတယ်၊ဒါကိုလည်း ပြီးခဲ့တဲ့ရာစုနှစ်ဝက်လောက်ကတည်းက သိနှင့်ပြီးသားဖြစ်ပေမယ့် အရေးတယူပြုမူ ဆောင်ရွက်တာမျိုးတွေမလုပ်ခဲ့မိကြပါဘူး။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နိုးနိုးကြားကြားအလေးထားကြဖို့ ဘယ်လိုအသိပေးရပါ့မလဲ”ဟု NOAA ၏ Global Monitoring Laboratory မှ သိပ္ပံပညာရှင် Pieter Tans မှ ပြောကြားခဲ့သည်။

Source – Aljerzeera and News Agencies


LEAVE A REPLY

Please enter your comment!
Please enter your name here