’21’ Music Video ကို ဇူလိုင်လမှာ ဖြန့်ချိတော့မယ့် Bobby Soxer

0
79

Boby (2)

အဆိုတော် Bobby Soxer က သူမရဲ့ ၂၁ စီးရီး Music Video ကို ဇူလိုင်လအတွင်းမှာ ထွက်ရှိတော့ မယ်လို့ သိရပါတယ်။ Bobby Soxer မ က သူမရဲ့ Music Video ကို သီချင်းပုဒ်ရေ အပြည့်အဝ ရိုက်ကူးမှာ မဟုတ်ဘဲ သီချင်း ၆ ပုဒ် ကိုသာ အကောင်းဆုံး ရိုက်ကူးသွားမယ်လို့  သိရပါတယ်။

” သီချင်းပုဒ်ရေအများကြီးလည်း မရိုက်ချင်တော့ဘူး။ ပရိသတ်ဆီ တကယ်ရောက်တဲ့၊ ကိုယ်လည်း တကယ်ကြိုက်တဲ့ သီချင်းတွေကိုပဲ ရွေးပြီး သေချာရိုက်မယ်။ အခု ၆ ပုဒ် ရိုက်တာတောင် တော်တော်အ ကုန် အကျခံ ရိုက်ကူးထားပါတယ်။ ပရိသတ်ကို အကောင်းဆုံး ကျစ်ကျစ်လျစ်လျစ်နဲ့ သေချာလေး ပေးချင်တဲ့အတွက် ခုလိုလက်ရွေးစင်အနေနဲ့  ရွေးပြီး သေချာရိုက်ကူးတာ ပါ။ ဇူလိုင်လထဲမှာ ထွက်ရှိပါ့မယ်'”လို့ သူမ ကပြောပါတယ်။

Bobby Soxer က ဒီလပိုင်းကာလတွေမှာတော့ နယ်ပွဲတွေတချို့ပဲ သီဆိုဖြစ်ပြီး သီချင်းသစ်တွေလည်း မလုပ်ရသေးတဲ့အတွက် ပွဲတွေသိပ် မဆိုဖြစ်ဘူးလို့လည်း သိရပါတယ်။ ” အဓိကက MTV မထွက် ရသေးတာလည်းပါတယ်။ အဲဒါ မထွက်ရသေးတော့ နောက်တစ်ခွေထွက်ဖို့ကို စောင့်နေရသလို ဖြစ်နေတယ်။ ဒါပေမဲ့သီချင်းသစ်တွေလည်း လုပ်နေပါတယ်။ ဒီ Music Video ထွက်ပြီးတာနဲ့ သီချင်းသစ်တွေ ထွက်ရှိနိုင်ဖို့လုပ်တော့မှာပါ။လောလော ဆယ်တော့ ကိုလွှမ်းပိုင် အခွေထဲမှာလည်း တစ်ပုဒ်ပါထားတယ်။ မမိစန္ဒီ အခွေထဲမှာလည်း တစ်ပုဒ်ဆိုထားတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ အနု ပညာရှင် အတော်များများက သူတို့ ရဲ့ ကိုယ်ပိုင် Brand တွေနဲ့အတူ အမှတ်တရပစ္စည်းအသုံးအဆောင်တွေ ထုတ်လုပ်လာတာ ရှိပါတယ်။Bobby Soxer အနေနဲ့ရော ဒီလို အစီအစဉ် ရှိနေဦးမလားဆိုတော့..

” ညီမ အနေနဲ့လောလောဆယ်တော့ အဲဒီလို စီစဉ်ထားတာ မရှိဘူး။ ဒါပေမဲ့ အမှတ်တရအနေနဲ့ လုပ်ဖို့ တော့ရှိတယ်။ အမှတ်တရအနေနဲ့ လုပ်မယ်ဆိုပေမယ့် ဘယ်တော့လောက် ဆိုတာတော့ပြောလို့မရဘူး။ တကယ်လို့လုပ်ဖြစ်ရင်လည်း စီးပွားဖြစ်အနေနဲ့တော့ လုပ်ဖြစ်မယ်မထင်ဘူး။ အမှတ်တရ အနေနဲ့ပဲ လုပ်ချင်လုပ်မှာပါ” လို့ Bobby Soxer က ပြောပါတယ်။

ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here