ချစ်စမ်းမောင်ရဲ့ သမီးငဲငယ်လေး စီးရီးခွေထွက်ရှိ

0
161

Chit-San-Mg-1နာမည်ကျော် ဂစ်တာသမား ချစ်စမ်းမောင်ရဲ့ သမီးဖြစ်တဲ့ ငဲငယ်လေးက သူ့ရဲ့ပထမဆုံး “အိပ်မက်နဲ့ စိတ်ဓာတ်” Audio/CD  အခွေကို မေလ၁၂ရက်နေ့ကOrchid Hotel မှာ မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါအခွေမှာ သီချင်း တေး ရေးညီညီသွင်၊ ရွှေဂျော်ဂျော်၊ မောင် မောင်ဇော်လတ်၊ ကိုအောင်၊ လင်း လင်း၊ ရယ်ဂျီ၊ သွန်းဖူး၊ူဖိုး၊ ဟန် သစ်ထူးမိုး၊ လုဆိုင်း၊ ငဲငယ်လေးတို့ ရေးထားပါတယ်။ ဒီစီးရီးခွေလေးက ငဲငယ်လေးရဲ့ ၆နှစ်လောက် ကလုပ်ထား တဲ့ အခွေဖြစ်တဲ့ အတွက် ပြန်လည်ပြင် ဆင်မှုတွေ ပြုလုပ်ထားရကြောင်းကို

“ဒီစီးရီးခွေက ငယ်လေး ၆ နှစ် လောက်က လုပ်ထားတဲ့ အခွေဖြစ်တဲ့ အတွက် အခုကြီးလာတဲ့ အချိန်မှာ ပြန်ပြုပြင် ရတာလည်း ရှိတယ်။ ဖေဖေရဲ့ ပံ့ပိုးမှုတွေလည်း အများ ကြီးပါတယ်။ ငယ်လေးရဲ့ အဖေက ဂစ်တာသမား တစ်ယောက်ဖြစ်တဲ့ အတွက် ငယ်လေး အရမ်းကြိုးစားထား တယ်။ အငယ်လေး ဒီအခွေလေးကို အကောင်းဆုံး မျှော်လင့်ထားတယ်” လို့ ပြောပါတယ်။

အားပေးတဲ့ ပရိသတ်တွေ ရှိတဲ့ အတွက်လည်း ငယ်လေး ခွန်အား ဖြစ်ကြောင်းကို “အဖေက ဂီတာ သမား တစ်ယောက်ဖြစ်တဲ့ အတွက် အငယ်လေးမှာ ဒီအခွေလေးက အငယ်လေးမှာ တာဝန်ရှိတယ်။ အမှန်တိုင်း ပြောရရင် အငယ်လေး အရမ်းကြောက်မိတယ်။ ဒါပေမဲ့ အငယ်လေး facebook မှာ တင် လိုက်တိုင်း အားပေးတဲ့ ပရိသတ် တွေ ရှိနေလို့ အငယ်လေး ခွန်အား ဖြစ်စေ တယ်။ အငယ်လေး ပိုကြိုးစား အောင် လုပ်ဆောင်ပေးတယ်” လို့ ဆို ပါတယ်။ ငဲငယ်လေးရဲ့ “အိပ်မက်နဲ့ စိတ်ဓာတ်” အခွေက Rock, Pop Rock သီချင်း အမျိုးအစားတွေဖြစ်ပြီး မေလ ၁၈ရက်နေ့မှာ The Sun Music Production မှ ဖြန့်ချိသွားမှာ ဖြစ်ပါ တယ်။
ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here