ဇာတ်ကား ရိုက်ကူးမှုတွေနဲ့ ခြောက်နှစ်တာ ဝေးကွာခဲ့ တဲ့ အေးဝတ်ရည်သောင်း

0
88

Aye-Witt-Ye-Thaung-(3)အနုပညာ အလုပ်တွေနဲ့ဝေးကွာခဲ့တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း က ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ ရတနာပုံ ဇာတ်လမ်းတွဲ မှာတော့ ဟိန်းဝေယံ၊ မိုးယံဇွန်၊ ထွန်းကိုကို၊ သန္တာဗို၊ ဇွန်သံစဉ် တို့ နဲ့အတူ ပါဝင်သရုပ်ဆောင်နေတယ် လို့ သိရပါတယ်။ ဒီဇာတ်ကား မှာတော့ အေးဝတ်ရည်သောင်း ကို ရင့်ကျက်တဲ့ အသက်သုံးဆယ် အရွယ် အမျိုးသမီးတစ်ဦး အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ဇာတ်ကား ရိုက်ကူးဖို့ ပြင်ဆင်နေပုံ များနဲ့ ပတ်သက်လို့ …

“ဒီဇာတ်ကား ရိုက်ကူးဖို့ ပေါက်စီကို Media 7 က ပြော တယ်။ ဒါရိုက်တာကလည်း ကိုသားညီ ဖြစ်တယ်။ ဇာတ်လမ်းလေး ရဲ့ ကာရိုက်တာ ကလည်း ပေါက်စီနဲ့ လိုက်လို့ ရိုက်ကူးဖြစ်သွား တာပါ။ ဇာတ်လမ်းလေး ကိုလည်း ပေါက်စီက ကြိုက်ပါတယ်။ ဒီဇာတ်ကားမှာ ပေါက်စီက ရင့်ကျက်တဲ့ ပုံစံ အသက်သုံးဆယ် ဝန်းကျင် အမျိုးသမီး တစ်ယောက်ပေါ့။ ကြောက်လည်းကြောက် တတ်တယ်။ အားလည်း ငယ်တတ်တယ်။ ဇာတ်လမ်းဖတ်ပြီး မန္တလေးက ဆိုတော့ မန္တလေးသူဝတ်တဲ့ ပုံစံအတိုင်းကို ကြည့် ပြီးပြင်ဆင်တယ်။ မိတ်ကပ် ပိုင်းအပြင် အားငယ်တဲ့သူ ဆိုတော့ အရောင် တောက်တောက်တွေ မဝတ်ဘူးပေါ့။ ဒီလိုလေး ပြင်ဆင်ဖြစ်ပါတယ်” လို့ အေးဝတ်ရည်သောင်း က ပြောပါတယ်။ အဲဒါအပြင် အေးဝတ်ရည် သောင်းက Charm 2 ဇာတ်လမ်း တွဲမှာ လည်း ဖြိုးငွေဖြိုး နဲ့အတူ ရိုက်ကူး ထားတယ်လို့ သိရပါတယ်။

အေးဝတ်ရည်သောင်းက အထည် ဆိုင်လုပ်ငန်းကို စိတ်နှစ်လုပ် ကိုင်နေချိန် အနုပညာ လောကနဲ့ ၆နှစ်ကျော် ဝေးကွာ သွားခဲ့ပါတယ်။ ဇာတ်ကား တွေလည်း ပြန်လည် ရိုက်ကူးလာရပြီဖြစ်တဲ့ အေးဝတ် ရည်သောင်းက သူမရဲ့ စီးပွားရေး လုပ်ငန်းကိုလည်း ချဲ့တိုးသွားဦးမယ် လို့ ဆိုပါတယ်။

“ပေါက်စီက အနုပညာ လောက နဲ့ နည်းနည်း ဝေးတာ ၆နှစ်လောက် ရှိပါပြီ။ ဒါက လည်း ပေါက်စီ ဇာတ်ကား မရိုက်ကူးတော့ဘူး ဆိုပြီး လုံးဝ နားလိုက်တာမျိုး မဟုတ်ပါဘူး။ စီးပွားရေး လုပ်နေတော့ လူတွေက ပေါက်စီကို အနုပညာ မလုပ်တော့ဘူး ထင်ကြလို့။ ပေါက်စီ မရိုက်ကူးတာပဲ ရှိတာပါ။ ကြားထဲမှာ MTV လေးတွေ ရိုက်ကူးတာ မျိုးတော့ ရှိပါတယ်။ စီးပွားရေးကလည်း ဆိုင်ဖွင့်တာ အချိန် အတိုင်းအတာ တစ်ခုအထိ ရှိခဲ့ပြီ ဆိုတော့ စိတ်ချရပြီ။ ဒါကြောင့်မို့ အထည်ဆိုင် ထပ်ဖွင့်ရင် ဖွင့်၊ မဟုတ်ရင်လည်း Cotton  နဲ့ ပတ်သက်တာမျိုးပဲ လုပ်သွား မှာပါ။ အနုပညာပိုင်း ကိုတော့ အခွင့်ရရင် ရသလို ဆက် လုပ် သွားမယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးတုန်း ကလည်း အကောင်းဆုံး ပေါက်စီ ဘက်က ပေးဆပ်သွားတဲ့ အတွက် ပရိသတ်တွေရဲ့ မနျစသညိ ကို လည်း အကောင်းဆုံး မျှော်လင့် ပါတယ်”လို့ အေးဝတ်ရည် သောင်းက ပြောပါတယ်။

အေးဝတ်ရည် သောင်း ကို ဇာတ်ကားတွေ ရိုက်ကူးဖို့ လာရောက် ကမ်း လှမ်းခြင်းများလည်း ရှိတာ ကြောင့် အနုပညာ တွေကို ပရိသတ် တွေ မြင်တွေ့ ရဦးမှာ ဖြစ် ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here