ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲတန်ချ်န် ၂ဒသမ၇သန်းကျော်တင်ပို့ပြီး ဒေါ်လာ ၈၆၁ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ထိုကဲ့သို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အများဆုံးတင်ပို့ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံနှင့်အထက်ကို တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတွင် ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလတွင် တန်ချိန် ၁၄၂၇၈၈ တန်၊ မေလတွင် ၂၅၉၅၀၁ တန်၊ ဇွန်လတွင် ၂၁၂၄၁၆ တန်၊ ဇူလိုင်လတွင်၂၃၀၆၇၂ တန်၊ ဩဂုတ်လတွင် ၁၉၂၉၈၅ တန်၊ စက်တင်ဘာလတွင် ၁၆၈၀၄၆ တန်၊ အောက်တိုဘာလတွင် ၃၁၆၉၂၀ တန်၊ နိုဝင်ဘာလတွင် ၂၆၃၈၁၅ တန်၊ ဒီဇင်ဘာလတွင် ၃၃၁၈၆၉ တန်၊ ဇန်နဝါရီလတွင် ၂၀၈၈၄၇ တန်၊ ဖေဖော်ဝါရီလတွင် ၁၇၈၁၉၁ တန်၊ မတ်လတွင် ၂၃၄၆၉၀ တန် တင်ပို့ထားကြောင်း သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၃) သန်းအထိ တင်ပို့နိုင်ရေး လျာထားဆောင်ရွက်ခဲ့သော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် တန်ချိန် (၂.၇၄) သန်းခန့်သာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၈၆၁ သန်း ရရှိခဲ့သည်။
