Wednesday, August 12, 2026

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့်...

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာ သာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ် ၁၁ ရက်တွင် မော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ...

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်း...

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း...

အမရပူရမြို့နယ်မှ ရေဘေးသင့်သူ(၂)ထောင်ဦးခန့်အား ထောက်ပံ့ပစ္စည်းများပေး

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာ(၁၄)ရွာအတွင်းရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်လျက်ရှိ၍ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာ အုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊...
HomeMyanmar Theatrical Traditionမြန်မာ့အနုပညာကို ကမ္ဘာကသိအောင် လုပ်ပြနိုင်ခဲ့တဲ့...

မြန်မာ့အနုပညာကို ကမ္ဘာကသိအောင် လုပ်ပြနိုင်ခဲ့တဲ့ သဘင်အနုပညာရှင်များ

တရုတ်နိုင်ငံ နန်နင်းမြို့မှာ အာ ဆီယံ ကုန်စည်ပြပွဲနဲ့ အနုပညာ ဖလှယ်ပွဲကို မြန်မာနိုင်ငံသဘင်အစည်း အရုံး (ဗဟို)ရဲ့ကြီးကြပ်မှုနဲ့ သဘင် အနုပညာရှင်များက တစ်ပတ်ကြာ သွားရောက်ခဲ့ကြပါတယ်။

ဒီအနုပညာဖလှယ်ပွဲမှာတော့ ဦးမိုးဝင်း၊ ဦးနေဝင်း၊ မြို့ရွှေမန်းသား ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ မြန်မာပြည် ကျောက်စိမ်း၊ အဂ္ဂါမိုးဝင်း၊ ချစ်စွမ်း သာ၊ ရဲမင်းသွေး၊ ဟွန်းနောင်နောင်၊ နန်းခင်မွှေး၊ ပတ္တမြားကေခိုင်၊ မြတ်နု သွေး၊ ဝင်းသပြေထွန်း၊ ငြိမ်းချမ်းခိုင်စတဲ့သဘင်အနုပညာရှင်များ သွား ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာတော့ အာဆီယံ နိုင်ငံတစ်နိုင်ငံချင်းစီက ရိုး ရာအကအလှတွေကို ကပြတင်ဆက် ခဲ့ကြပြီး မြန်မာနိုင်ငံအနေနဲ့လည်း မြန်မာ့ ဇာတ်သဘင်အနုသုခုမပညာ ရပ်တွေကို ကပြတင်ဆက်ခဲ့ကြပါ တယ်။ ဘုရင့်နောင်အော်ပရာ၊ မင်္ဂလာပါ တေးသီချင်း၊ ဆာကူရာ အက၊ အမျိုးသားရေးအတွက် သဘင်ကပွဲစတဲ့ အနုပညာ ရသအစုံ ကို တင်ဆက်ခဲ့ကြပါတယ်။

”ကျွန်တော်တို့တွေဟာ ကိုယ် လိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက်ကို စီးပွားရေးရော ယဉ်ကျေးမှုရောအနုပညာမှာပါ ဘုရင့်နောင်ဖောင် ဖျက်စိတ်နဲ့ လုပ်နိုင်မှသာလျှင် ရင် ပေါင်တန်းနိုင်လာမယ့် အနေအထား ပေါ့။ ကျော်ဖို့ပြောတာ မဟုတ်ပါဘူး။ဒါလေးကို နိမိတ်လည်းပါအောင် သူတို့ကိုလည်း သိစေချင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်နှိုးတဲ့သဘောပေါ့။ ထလော့မြန်မာပေါ့လေ”လို့ ပွဲ နဲ့ပတ်သက်ပြီး မြို့ရွှေ မန်းသားဖိုးချစ်က ပြောပြပါ တယ်။ မြန်မာ့ဇာတ်သဘင် အနုပညာရှင်များ စုစုစည်း စည်းနဲ့ ပြည်ပအထိသွားရောက်ဖျော်ဖြေ တင်ဆက်ကြ တာကတော့ အခုအနုပညာဖလှယ်ပွဲက ဒီနှစ်ပိုင်းတွေ မှာ ပထမဆုံးပဲဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့် သု တေသနဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာ သာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ် ၁၁ ရက်တွင် မော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်ကို နှစ်ဘက်အဖွဲ့အစည်းများကြား ဗုဒ္ဓဘာသာစာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ပညာရပ်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အပြန်အ လှန်နားလည်မှုတိုးတက်စေရန်တို့ ရည်ရွယ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ သဘောတူညီချက်အရ ဗုဒ္ဓဘာသာ ဒဿနိကဗေဒ၊ သ မိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ သင်ကြားရေးဆ ရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများအပြန်အလှန်...

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်း ကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲမည်

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်းပြီးဖြစ်ရာ ကျန်ရှိနေသော ကောင်းကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲခင်း ကျင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ တော်စည်ပင် လမ်းနှင့် တံတားဌာနဌာနမှူးဦးလင်းခိုင်၏ ပြောကြားချက်အရ သိရသည်။ ၎င်းက သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းတွင်ကျင်းပသည့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအ တွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ လျှပ် စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ဆက်သွယ်ရေးကေဘယ်ကြိုးများ ဆက်လက်ရှင်းလင်းရေးဆိုင်ရာ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးစဥ် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆ဝ)ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071