ယခု ၂၀၂၅ -၂၀၂၆ ရာသီ MNL League Cup ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများအတွက် ဧရာဝတီယူနိုက်ဘောလုံးအသင်းသည် နည်းပြချုပ်အဖြစ် ဦးချစ်နိုင်အား (၂)ရာသီစာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း အသင်းက အသိပေးထားသည်။
နည်းပြချုပ် ဦးချစ်ခိုင်သည် တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း အစရှိသည့် အသင်းများအား ၁၉၉၉ – ၂၀၀၀ ပြည့်နှစ်များမှ စတင်ကာ နည်းပြချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး အားကာသိပ္ပံ (မန္တလေး)မှတဆင့် နိုင်ငံ့လက်ရွေးစင်ကစားသမားများအား မွေးထုတ်ပေးခဲ့သူတစ်ဦးဖြစ်သည်။
ထို့ပြင် မြန်မာ့လက်ရွေးစင် ယူ ၁၉၊ ယူ ၂၁ အသင်းများ၏ နည်းပြချုပ်အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်အတူ အာဆီယံ အမျိုးသမီးချန်ပီယံဆုကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် နည်းပြချုပ် ပိုပေါ့ကိုင်တွယ်သော မြန်မာ့လက်ရွေးစင် ယူ ၂၂ အသ င်းနှင့်အတူ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း ရရှိခဲ့ဖူးသည့် နည်းပြတစ်ဦးဖြစ်သည်ဟု အသင်း၏ အသိပေးချက်အရ သိရသည်။
မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများဖြစ်သည့် မကွေးအသင်း၊ စီးတီးရန်ကုန်အသင်း၊ အားကာသိပ္ပံအသင်းတို့ကို တာဝန်ယူကိုင်တွယ်ခဲ့သည့် နည်းပြချုပ်တစ်ဦးဖြစ်ပြီး ယခု ဧရာဝတီယူနိုက်အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်