Tuesday, June 9, 2026

UFC Freedom250 ပွဲစဉ်များကို ရန်ကုန်အမေရိကန်စင်တာတွင်...

အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် UFC Freedom250 ခေါင်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ အတူတကွကြည့်ရှုနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ...

ဘင်းမ်စတက် (၂၉) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hotel Sheraton ၌ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်က ကျင်းပသည့် ဘင်းမ်စတက် (BIMSTEC)...

မိုးရာသီ၌ မြစ်ရေကြီးမှုအန္တရာယ် ကြိုတင်သတိပြုနိုင်ရေး အသိပေးနှိုးဆော်

မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးနှိုးဆော်ထားသည်။ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့်...

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ဒသမ ၆...

ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၃ဒသမ ၆ သန်းကျော်(၃,၆၄၉,၅၀၀.၀၀) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း...
HomeMoviesဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတမြို့...

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတမြို့ ရေသန့်စက်ရုံများသို့ ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဟင်္သာတ မြို့ပေါ် ရပ်ကွက်အတွင်းရှိ ရေသန့်စက်ရုံများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်၊ ထုပ်ပိုးရောင်းချခြင်း ရှိ/ မရှိ ရှောင်တခင် လိုက်လံစစ်ဆေးမှု ဇွန်လ ၈ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ FDA မှ ရေသန့်စက်ရုံများကို ရှောင်တစ်ခင်စစ်ဆေးခြင်းနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “မြို့ ပေါ်မှာ ရေသန့်စက်ရုံတွေ ၁၀ ခုလောက်ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့လည်း ရေသန့်ဗူးတွေ ဝယ်သောက်နေတာပါ။ အရင်က တံဆိပ်တစ်မျိုးကို ဝယ်သုံးတာ တစ်နှစ်လောက်ရှိပြီ၊ ဒါပေမယ့် ပြီးခဲ့တဲ့ ၄ လ လောက်တုန်းက ရေတွေဟာ ရေပုတ်နံ့ရလို့ ရေလာချပေးတဲ့ကလေးတွေကို ရေဗူးပြန်လဲခိုင်းတယ်၊ ပြန်လဲပေးတဲ့ ရေကနံတုန်းပဲဆိုတော့ ဆက်မသောက်တော့ဘဲ နောက်ပိုင်း တစ်ခြားတံဆိပ်ကို လဲသောက်တယ်။ ခုလို FDA က ရေသန့်စက်ရုံတွေ ဝင်စစ်ပေးတာကောင်းပါတယ်၊ ဒါကို ကျွန်တော်တို့စားသုံးသူအနေနဲ့ ကြိုဆိုပါတယ်”ဟု ပြောကြားပါသည်။

ဟင်္သာတမြို့ပေါ်တွင် ရေသန့်စက်ရုံများ ရှောင်တစ်ခင်စစ်ဆေးခြင်းကို တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တိုင်းဦးစီးမှူး ဒေါက်တာမျိုးထွန်းကျော်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ ခရိုင်ဦစီးမှူး ဦးအောင်မင်းသူနှင့် ပူးပေါင်းအဖွဲ့ဝင်များ ဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ထွေအုပ်၊ ခရိုင် ပြန်/ဆက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့မှ ရေသန့်စက်ရုံ ၆ ရုံစက်ရုံသို့ စစ်ဆေးခဲ့ပြီး ရေသန့်နမူနာများကို ဓါတ်ခွဲခန်းပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်စက်ရုံများကို ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်းလည်း စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UFC Freedom250 ပွဲစဉ်များကို ရန်ကုန်အမေရိကန်စင်တာတွင် အတူတကွကြည့်ရှုနိုင်ရန် အမေရိကန်သံရုံး ဖိတ်ခေါ်

အမေရိကန်နိုင်ငံ၏ လွတ်လပ်ရေးနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပမည့် UFC Freedom250 ခေါင်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ အတူတကွကြည့်ရှုနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအနေဖြင့် မနက်စာသုံးဆောင်ရင်း အိမ်ဖြူတော်တောင်ဘက် မြက်ခင်းပြင်မှ တိုက်ရိုက်ထုတ်လွှင့်မည့် UFC Freedom250 ပွဲစဉ်များကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထို့ပြင် Freedom250 အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံရှိ MMA (Mixed Martial Arts)...

ဘင်းမ်စတက် (၂၉) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်၊ မြန်မာ့လက်မှုပစ္စည်းများ ပြသ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Hotel Sheraton ၌ ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်က ကျင်းပသည့် ဘင်းမ်စတက် (BIMSTEC) အဖွဲ့ တည်ထောင်ခြင်း (၂၉) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Hon’ble State Minister H.E. Ms. Shama Obaed Islam က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး ဒါကာမြို့အခြေစိုက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၏ သံရုံးအကြီးအကဲများ၊...

မိုးရာသီ၌ မြစ်ရေကြီးမှုအန္တရာယ် ကြိုတင်သတိပြုနိုင်ရေး အသိပေးနှိုးဆော်

မိုးရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ရေမျက်နှာပြင် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးနှိုးဆော်ထားသည်။ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် ဒေသများရှိ ပြည်သူများအနေဖြင့် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကဲ့သို့ အရေးကြီးစာရွက်စာတမ်းများနှင့် ပစ္စည်းများကို ရေလုံအိတ်များဖြင့် ထုပ်ပိုးထားပြီး အလွယ်တကူ ရွှေ့ပြောင်းနိုင်သည့် နေရာတွင် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အလွယ်တကူ စားသုံးနိုင်သည့် ရိက္ခာများ၊ သောက်ရေသန့်နှင့် အရေးပေါ် ရှေးဦးသူနာပြုဆေးဝါးများကို အနည်းဆုံး သုံးရက်စာ စုဆောင်းထားရန် လိုအပ်ကြောင်း သိရသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071