ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။
ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။
လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။
စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ကြုံတွေ့ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဥရောပ၏ ကျန်ဒေသများသည် တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကို မြင်တွေ့ခဲ့ရပြီး ကနေဒါ၊ အာဖရိကအနောက်မြောက်ပိုင်းနှင့် အမေရိကမြောက်ပိုင်းဒေသအချို့မှ မြင်တွေ့ခဲ့ရသည်။
လန်ဒန်ရှိ တော်ဝင်နက္ခတ်တာရာစောင့်ကြည့်ဌာန ဂရင်းဝစ်ချ်သည် နေကြတ်ဖြစ်စဉ်ကို စောင့်ကြည့်သည့် အခမ်းအနားတစ်ခုပြုလုပ်ခဲ့သည်။ ရာသီဥတုကြည်လင်သာယာမှုကြောင့် ကောင်းကင်ဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်း ကြည့်ရှုနိုင်သော်လည်း ဖြစ်စဉ်ကို ဘေးကင်းကင်းဖြင့် ကြည့်ရှုနိုင်ရန်အတွက် လူအများအပြားသည် အခမ်းအနားမတိုင်မီ နေကြတ်မှုကို ကြည့်ရှုသည့်မျက်မှန်များ အပြေးအလွှားဝယ်ယူခဲ့ရကြောင်း သိရသည်။
Ref: ယဟျူးနူးစ်