Thursday, July 30, 2026

ပြင်ဦးလွင် ဓမ္မသဟာယသာသနစင်တာ၌ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဝါဆိုဝါကပ်တော်မူ

မြန်မာသက္ကရစ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌ ဝါဆိုဝါကပ်တော်မူခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-...

ကိယက်ဗ်ကို ယူရို ၈.၃ ဘီလီယံ...

​ဒီနှစ်ကုန်ပိုင်းမှာ ရန်ပုံငွေတွေ ထုတ်ပေးနိုင်ဖို့အတွက် ယူကရိန်းကို နောက်ထပ် ယူရို ၈.၃ ဘီလီယံ ထောက်ပံ့မယ်လို့ EU က ကတိပြုလိုက်ပြီး၊ ယူကရိန်းအစိုးရဘက်က...

နှစ်(၃၀) ဂရန်မြေပိုင်ရှင်များအနေဖြင့် မြေငှားရမ်းခကြွေးကျန်များကို ၂၀၂၇...

နေပြည်တော်၊ ဇူလိုင် ၃၀ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့မြေများတွင် နှစ်(၃၀) မြေငှားစာချုပ် (ဂရန်) ထုတ်ပေးထားသည့် မြေကွက်များအတွက် ကျသင့်သည့် နှစ်စဉ်မြေငှားရမ်းခများနှင့် ကြွေးကျန်များကို...

လွိုင်လင်လေးတိုက်နယ်ဆေးရုံ ပြန်ဖွင့်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ကယားပြည်နယ်...

လွိုင်ကော်၊ ဇူလိုင် ၃၀ ကယားပြည်နယ်၊ လွိုင်လင်လေးမြို့နှင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ပိတ်ထားရသည့် တိုက်နယ်ကျန်းမာရေးဌာန ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ မြို့တွင်းနှင့် ကျေးရွာချင်းဆက် လမ်းတံတား တည်ဆောက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ...
HomeMoviesအီရန်အရေး ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ...

အီရန်အရေး ဖြေရှင်းဖို့ ဖြစ်နိုင်ခြေ သုံးခုကို နေတန်ယာဟုနဲ့ ထရမ့်တို့ ဆွေးနွေး

​အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ အင်္ဂါနေ့တုန်းက တွေ့ဆုံခဲ့ကြပြီး သံတမန်ရေးရာ ကိစ္စတွေ၊ စီးပွားရေးအရ ဖိအားပေးတာတွေအပြင် အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ဘယ်လို ဟန့်တားမလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက အစ္စရေး အဆင့်မြင့် အရာရှိတစ်ဦးကို ကိုးကားပြီး ဖော်ပြထားပါတယ်။

​လက်ရှိ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေကနေ ထွက်ပေါက်တစ်ခုအနေနဲ့ ညှိနှိုင်းသဘောတူညီမှု ရယူတာ၊ ပိတ်ဆို့မှုတွေနဲ့ စီးပွားရေး ဖိအားပေးတာတွေကို ဆက်လုပ်တာ၊ နောက်ပြီး အကြီးအကျယ် တိုက်ခိုက်တာ စတဲ့ လမ်းကြောင်း သုံးခုကို ထရမ့်က ရှုမြင်ထားပါတယ်။

​လောလောဆယ်မှာ အစ္စရေးအနေနဲ့ အီရန်ကို ထပ်ပြီး တိုက်ခိုက်ချင်တယ်လို့ နေတန်ယာဟုက ထရမ့်ကို တိုက်ရိုက် မပြောခဲ့ပေမယ့် တိတိကျကျ မဖော်ပြထားတဲ့ အကြံဉာဏ်သစ် တချို့ကိုတော့ သူ့ဘက်က ထပ်ဖြည့်ပြီး ဆွေးနွေးခဲ့ပါတယ်။

​အီရန်နဲ့ ဖြစ်ပွားနေတဲ့ လက်ရှိ ပဋိပက္ခမှာ ထရမ့်က “ခေါင်းဆောင်ပိုင်း” နေရာကနေ ဆောင်ရွက်နေပြီး၊ နေတန်ယာဟုကတော့ “နောက်လိုက်” နေရာကနေ ပါဝင်နေတယ်လို့ အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။

​အမေရိကန်နဲ့ အီရန်တို့ကြား နောက်ဆုံးဖြစ်ခဲ့တဲ့ ပဋိပက္ခ အရှိန်မြင့်တက်လာမှုဟာ ဇူလိုင်လ ၈ ရက်နေ့ကတည်းက စတင်ခဲ့တာပါ။ ဝါရှင်တန်နဲ့ တီဟီရန်တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်၊ ဟော်မုဇ် ရေလက်ကြားမှာ ကုန်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ဆိုပြီး အမေရိကန်စစ်တပ်က အီရန်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ထရမ့်က အီရန်နဲ့ အပစ်အခတ် ရပ်စဲရေးကို အဆုံးသတ်လိုက်ပါတယ်။ လက်စားချေ တုံ့ပြန်တဲ့အနေနဲ့ အီရန်ဘက်ကလည်း ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ကူဝိတ်၊ ယူအေအီးနဲ့ အိုမန် အပါအဝင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်ရဲ့ အဆောက်အအုံနဲ့ စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြင်ဦးလွင် ဓမ္မသဟာယသာသနစင်တာ၌ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဝါဆိုဝါကပ်တော်မူ

မြန်မာသက္ကရစ် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ဆရာတော်ဘုရားကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာ၌ ဝါဆိုဝါကပ်တော်မူခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ- Chan Myae Aung FB

ကိယက်ဗ်ကို ယူရို ၈.၃ ဘီလီယံ ထောက်ပံ့ပေးမယ်လို့ EU ကတိပြု၊ လိုက်နာရမယ့် သတ်မှတ်ချက်တွေကိုပါ အတည်ပြု

​ဒီနှစ်ကုန်ပိုင်းမှာ ရန်ပုံငွေတွေ ထုတ်ပေးနိုင်ဖို့အတွက် ယူကရိန်းကို နောက်ထပ် ယူရို ၈.၃ ဘီလီယံ ထောက်ပံ့မယ်လို့ EU က ကတိပြုလိုက်ပြီး၊ ယူကရိန်းအစိုးရဘက်က မဖြစ်မနေ ဖြည့်ဆည်းရမယ့် တင်းကျပ်တဲ့ သတ်မှတ်ချက်တွေကိုလည်း အတည်ပြုလိုက်တယ်လို့ EU ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ​"ကောင်စီဟာ ယူကရိန်း အထောက်အပံ့ အစီအစဉ်(Ukraine Facility) နဲ့ အဲဒီနဲ့ ဆက်စပ်နေတဲ့ ယူကရိန်း စီမံကိန်း(Ukraine Plan) တို့ကို ပြင်ဆင်မယ့် ဆုံးဖြတ်ချက် တစ်ရပ်ကို ဒီကနေ့မှာ ချမှတ်ခဲ့ပါတယ်။ ယူကရိန်း...

နှစ်(၃၀) ဂရန်မြေပိုင်ရှင်များအနေဖြင့် မြေငှားရမ်းခကြွေးကျန်များကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား ပေးသွင်းရန် နေပြည်တော်စည်ပင် အသိပေး

နေပြည်တော်၊ ဇူလိုင် ၃၀ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့မြေများတွင် နှစ်(၃၀) မြေငှားစာချုပ် (ဂရန်) ထုတ်ပေးထားသည့် မြေကွက်များအတွက် ကျသင့်သည့် နှစ်စဉ်မြေငှားရမ်းခများနှင့် ကြွေးကျန်များကို ၂၀၂၇ ခုနှစ် မတ်လ ၁၅ ရက် နောက်ဆုံးထား၍ ပေးသွင်းကြရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီက အသိပေး ထုတ်ပြန်ထားသည်။ နှစ်(၃၀) မြေငှားစာချုပ် (ဂရန်) ထုတ်ပေးထားသည့် မြေကွက်များအတွက် နှစ်စဉ်မြေငှားရမ်းခများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများက ကောက်ခံလျက်ရှိသော်လည်း အချို့သော ဂရန်မြေပိုင်ရှင်များ ပေးသွင်းရန် ပျက်ကွက်နေခြင်း ဖြစ်သည်။ ထိုပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071