အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သူသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း ပြောကြားလိုက်သည်။
“ကျွန်တော် အရင်ကပြောခဲ့သလိုပဲ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး၊ သူဟာ ကျွန်တော်တို့ လူတွေနဲ့လည်း စကားပြောတာ ရှားပါတယ်။ အများအားဖြင့်တော့ သွယ်ဝိုက်တဲ့နည်းနဲ့ ဆွေးနွေးကြတာပါ” ဟု ရူဘီယိုက Fox News ရုပ်သံဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဆက်လက်၍ သူက “[အစ္စလာမ်မာဘတ်မြို့မှာ] ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာတော့ တိုက်ရိုက်ဆက်သွယ်မှုတချို့ ရှိခဲ့ပါတယ်။ အီရန်ရဲ့ စနစ်ထဲမှာ အမေရိကန်တွေနဲ့ တို-က်ရို-က်စကားပြောဆိုတာကို တားမြစ်ပိတ်ပင်ထားတာ ကြာပြီဆိုတာကိုလည်း သတိရဖို့ လိုပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
“သူတို့နဲ့ တို-က်ရို-က်ဆက်သွယ်ပြောဆိုမှုဆိုတာ အင်မတန်ရှားပါးပြီးတော့ အရမ်းကို လျှို့ဝှက်ပါတယ်။ သူတို့ရဲ့ စနစ်ထဲက လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကတစ်ဆင့်ပဲ ဆက်သွယ်တာပါ” ဟု ရူဘီယိုက ဆိုသည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်အပေါ် စစ်ဆင်ရေးတစ်ခု စတင်ခဲ့သည်။ ဧပြီလ ၇ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် နှစ်ပတ်ကြာ အပ-စ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ အီရန်ဘက်မှ ပြောကြားချက်အရ ၄၀ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်-အစ္စရေးတို့၏ တို-က်ခိုက်မှုကြောင့် အီရန်တွင် လူပေါင်း ၃,၃၇၅ ဦးထက်မနည်း ေ-သဆုံးခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၁ ရက်နေ့တွင် အီရန်နှင့် အမေရိကန်တို့သည် အစ္စလာမ်မာဘတ်မြို့၌ ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း သဘောထားကွဲလွဲမှုများစွာရှိနေသောကြောင့် ပဋိပက္ခကို ရေရှည်ဖြေရှင်းရန် သဘောတူညီချက်မရရှိခဲ့ကြောင်း နှစ်ဖက်စလုံးက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဧပြီလ ၂၁ ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် အပ-စ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးရန် ရည်ရွယ်ချက်ရှိကြောင်း ကြေညာခဲ့သည်။ တစ်ဖက်တွင်လည်း အီရန်နိုင်ငံပိုင်ရုပ်သံ၏ ဖော်ပြချက်အရ အီရန်အစိုးရသည် ဝါရှင်တန်၏ တစ်ဖက်သတ် အပ-စ်အခတ်ရပ်စဲရေး သက်တမ်းတိုးမှုကို အသိအမှတ်မပြုဘဲ ၎င်းတို့လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
