Friday, August 7, 2026

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU...

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု...

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...
HomeInternationalအိန္ဒိယတပ်ကကပ္ပလီပင်လယ်အနီးတွင်မက်သာဖက်တမင်း ၅,၅၀၀ ကီလိုဂရမ်...

အိန္ဒိယတပ်ကကပ္ပလီပင်လယ်အနီးတွင်မက်သာဖက်တမင်း ၅,၅၀၀ ကီလိုဂရမ် ဖမ်းမိခဲ့

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့(ICG) က သမိုင်းတလျှောက်ဖမ်းဆီးနိုင်ခဲ့သမျှတွင် ပမာဏအများဆုံးအဖြစ် ဘာရန်ကျွန်းအနီး မြန်မာသင်္ဘောသား ခြောက်ဦးပါဝင်သော ငါးဖမ်းသင်္ဘောတစ်စီးမှ မက်သာဖက်တမင်း ၅,၅၀၀ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်ဟု အဒ္ဒမန်နှင့် နီကိုးဘား tri-services ကွပ်ကဲရေးဌာနချုပ်မှ အရာရှိတစ်ဦးက နိုဝင်ဘာ ၂၆ တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်းကြီးများနှင့် ဆက်နွယ်မှုရှိသည်ဟု သံသယရှိလောက်သော အကြီးမားဆုံးဖမ်းဆီးရမိမှုဖြစ်ကြောင်း၊ တင်ဆောင်လာသည့်မူးယစ်ဆေးဝါး စုစုပေါင်း ခန်းမှန်းခြေ ၅,၅၀၀ ကီလိုဂရမ်ခန့်ရှိကြောင်းနှင့် တားမြစ် မက်သာဖက်တမင်းဆေးဝါးများနှင့်အတူ မြန်မာသင်္ဘောသားခြောက်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန်အတွက် သူတို့အားလုံးကို ဒေသဆိုင်ရာရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်ဟုလည်း ဆိုခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံသို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများဟု ရဲတပ်ဖွဲ့က ယူဆကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံဘက်မှလာသည့် ငါးဖမ်းသင်္ဘောပေါ်မှ သိမ်းဆည်းရမိခဲ့သည့် ဂြိုဟ်တုဖုန်းခေါ်ဆိုမှုမှတ်တမ်းကို ဖော်ထုတ်ရရှိရေး ရဲတပ်ဖွဲ့က ကြိုးပမ်းနေသည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်ဆေးမေးမြန်းမှုအတွင်း သင်္ဘောသားများက တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်း မပြုကြသဖြင့် သိမ်းဆည်းရမိခဲ့သည့် ဂြိုဟ်တုဖုန်းမှတဆင့် မူးယစ်ဆေးဝါး လက်ခံမည့်သူများ၏ အသေးစိတ်အချက်အလက်များကို ဖော်ထုတ်နိုင်ရန် ကြိုးစားနေကြောင်း၊ သင်္ဘောသားများသည် ပစ္စည်းလက်ခံမည့်သူများနှင့် ပို့ဆောင်လိုက်သည့် ပစ္စည်းများ၏ နောက်ကွယ်မှ ရှိနေသူတို့အကြောင်းကို ထုတ်ဖော်ပြောဆိုရန် ကြောက်ရွံ့နေပုံရကြောင်း ၎င်းက ဆိုသည်။ မိမိတို့အနေဖြင့် ဖုန်းခေါ်ဆိုမှုအသေးစိတ်မှတ်တမ်းကို ရရှိရန် ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းနှင့် ဆက်သွယ်ရန် ကြိုးစားနေသည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

မက်သာဖက်တမင်းမူးယစ်ဆေးဝါး အများအပြားကို ထိုင်းနိုင်ငံတွင် ပို့ဆောင်မှုလုပ်မည်ဟု ယူဆပြီး မူးယစ်ဆေးဝါးဂိုဏ်းများ၏ အစိတ်အပိုင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောဆိုသည်။

ပစ္စည်းပမာဏနှင့် လုပ်နည်းလုပ်ဟန်အရ Jalisco New Generation ဂိုဏ်း(အယ်လ်မန်ချိုမှ စီမံ) နှင့် တရုတ် အယ်လ်ချာပိုဂိုဏ်းခေါင်းဆောင်များကဲ့သို့ နာမည်ဆိုးဖြင့်ကျော်ကြားသော မူးယစ်ဆေးဝါးဂိုဏ်းများ၏ ခြေရာလက်ရာဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ ၂၀၁၉ ခုနှစ်က ကပ္ပလီပင်လယ်တွင် အလားတူ မူးယစ်ဆေးဝါးများစွာ သိမ်းဆည်းရမိခဲ့ပြီး နောက်ပိုင်းတွင် အယ်လ်မန်ချို၏ဂိုဏ်းသည် အဓိကသံသယရှိအဖွဲ့အစည်းအဖြစ် ပေါ်ထွက်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောဆိုခဲ့သည်။

Ref: The Hindu

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU မကြာမီ လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေး

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လျှပ်စစ်ဓာတ်အားကွန်ရက်စနစ် တိုးချဲ့ခိုင်မာရေးတို့ကို နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ခေတ္တတည်းခိုရာဟိုတယ်၌...

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်တို့၌ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အိုးပုတ်ပွဲတော်သည် မန္တလေးမြို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်အကြို ထောက်သည့်ပွဲဟုလည်း လူသိများသည်။ ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071