အာဆီယံ ယူ-၁၇ လူငယ်ချန်ပီယံရှစ်ပြိုင် ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၇ အသင်းအနေဖြင့် ဧပြီ (၈)ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ ASEAN U17 Boys’ Champion -ship 2026 ပြိုင်ပွဲကြီးအတွင်း မြန်မာအသင်းအနေဖြင့် အုပ်စုအဆင့်မှကျော်ဖြတ်နိုင်ရန် တစ်ခဲနက်အားပေးကြရန် အဖွဲ့ချုပ်က ပရိသတ်အား တိုက်တွန်းထားသည်။
မြန်မာအသင်းသည် အုပ်စု(B)၌ ထိုင်း ၊ လာအိုနှင့် ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေကာ ပြိုင်ပွဲအား ဧပြီ(၁၂)ရက်မှ (၁၈) ရက်နေ့အထိ (၂)ရက်ခြားတကြိမ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ဧပြီ (၁၂) ရက် မြန်မာစံတော်ချိန် ည(၇)နာရီအချိန်တွင် လာအိုအသင်းနီင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ် သည်။
အလားတူ ဧပြီ(၁၅)ရက် ည(၇)နာရီအ ချိန်တွင် ထိုင်းအသင်း၊ ဧပြီ(၁၈)ရက် ညနေ(၃)နာရီ အချိန်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် အသီးသီးယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ပြိုင်ပွဲအတွင်း အုပ်စု(၃)စုအနက် ပါဝင်အုပ်စုပထမရရှိသည်(၃)သင်းနှင့် အ ကောင်းဆုံး အုပ်စု ဒုတိယရရှိသည့် (၁) သင်း၊ စုစုပေါင်း (၄)သင်းမှာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ရမည်ဖြစ်သည်။
