Wednesday, August 12, 2026

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့်...

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာ သာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ် ၁၁ ရက်တွင် မော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ...

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်း...

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း...

အမရပူရမြို့နယ်မှ ရေဘေးသင့်သူ(၂)ထောင်ဦးခန့်အား ထောက်ပံ့ပစ္စည်းများပေး

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာ(၁၄)ရွာအတွင်းရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်လျက်ရှိ၍ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာ အုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊...
HomeMyanmar Theatrical Traditionအသက် ၇၅ နှစ်...

အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့လူရွှင်တော်ကြီး ဦးမန်းဝင်းရဲ့ ကျန်းမာရေး အခြေအနေ


လူရွှင်တော်ကြီးဦးမန်းဝင်းက အသက်အားဖြင့် ၇၅ နှစ်ကျော်ပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေကတော့ နှစ်ရက်ကိုတစ်ကြိမ် ကျောက်ကပ်ဆေးနေ ရပါတယ်။ ကျောက်ကပ် တစ်ခါဆေးရင် ငွေကျပ် ၁ သိန်းလောက်ကုန်ကျလေ့ရှိ တယ်လို့ သိရပါတယ်။ ကုန်ကျငွေတွေကို အလှူရှင်တွေက လာရောက်လှူဒါန်း ကြတဲ့အတွက်လည်း သူ့အနေနဲ့ ကျေးဇူးတင်ရပါတယ်လို့ ဦးမန်းဝင်းက ပြောပြ ပါတယ်။

”ဦးကမျက်လုံးနှစ်လုံးကလည်း မမြင်တော့ဘူး။ မျက်လုံးမမြင်တော့ ပို အားယုတ်တာပေါ့လေ။ အိမ်မှာ အထီးကျန်ကြီးလို ဖြစ်ပြီးတော့ ဘယ်မှ မသွားရမလာရဖြစ်နေရတယ်။ အဲဒီတော့ တစ်နှစ်တစ်ခါကျင်းပတဲ့ လူရွှင်တော် သက်ကြီး ပူဇော်ပွဲကျမှ မတွေ့ရတဲ့ သူငယ်ချင်းတွေတွေ့တယ်။ မမြင်ရတဲ့ သူငယ်ချင်းတွေကို မြင်ရတယ်။ ပြန်ဆုံရတယ်။ အဲဒါတွေကို ဝမ်းပန်းတသာဖြစ် ရတယ်” လို့ သက်ကြီးလူရွှင် တော်ပူဇော်ကန်တော့ပွဲကို တက်ရောက်ခဲ့တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်းကပြောပါတယ်။ ဦးမန်းဝင်းက သက်ကြီးလူရွှင်တော် ပူဇော်ကန်တော့ပွဲမှာ လူငယ်လူရွှင်တော်တွေကိုလည်း သြဝါဒ စကားပြော ကြားခဲ့ပါသေးတယ်။

”ဦးတို့ခေတ်မှာက ဒီလိုပရဟိတ တွေလည်းမရှိဘူး။ သူတို့ခေတ်မှာကျ တော့ ပရဟိတတွေရှိတယ်။ လုပ်ငန်းနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့တတ်တဲ့ပညာလေးတွေကိုတော့ မတိမ်ကောပပျောက်ပျက်အောင် တော့ ကြိုးစားစေချင်တယ်။ နောက်ပြီးတော့ မောင်နဲ့နှမ၊ သားနဲ့အမိ အတူတူကြည့်နိုင်မယ့် ပြက်လုံးတွေကိုလည်း သူတို့ကရှာဖွေနိုင်ကြပါတယ်။ ဒါကြောင့်မို့လို့ သူတို့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ မအိုခင်၊ မနာခင်၊ မသေခင်မှာ အရွယ်ကောင်းနေတဲ့အချိန် မှာ ကိုယ်တတ်တဲ့ အနုပညာနဲ့ ဖျော်ဖြေတင်ဆက်နိုင်ကြပါစေလို့ ဆုတောင်းပါ တယ်” လို့ လူငယ်လူရွှင်တော်တွေအတွက် သူ့ရဲ့ အတွေ့အကြုံတွေနဲ့ယှဉ်ပြီး ပြောကြားပေးခဲ့ပါတယ်။ လူရွှင်တော်ကြီးဦးမန်းဝင်းရဲ့ သမီးဖြစ်တဲ့ ဟေမာ မန်းဝင်းကလည်း အနုပညာလောကမှာ အောင်မြင်နေတဲ့အနုပညာရှင်တစ်ဦး လည်းဖြစ်ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့် သု တေသနဖောင်ဒေးရှင်းတို့ပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(SIBA)နှင့် ရုရှားနိုင်ငံ၊ ဗုဒ္ဓဘာ သာပညာရေးနှင့် သုတေသနမြှင့်တင်ရေးဖောင်ဒေးရှင်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်(CA)ကို ဩဂုတ် ၁၁ ရက်တွင် မော်စကိုမြို့၌လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်ကို နှစ်ဘက်အဖွဲ့အစည်းများကြား ဗုဒ္ဓဘာသာစာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ပညာရပ်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အပြန်အ လှန်နားလည်မှုတိုးတက်စေရန်တို့ ရည်ရွယ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ သဘောတူညီချက်အရ ဗုဒ္ဓဘာသာ ဒဿနိကဗေဒ၊ သ မိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း၊ သင်ကြားရေးဆ ရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများအပြန်အလှန်...

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများ၏ ကောင်း ကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲမည်

ရန်ကုန်မြို့အား မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစေရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်တို့အတွက် YESC ၏ လျှပ်စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းမှာပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ရှင်းလင်းပြီးဖြစ်ရာ ကျန်ရှိနေသော ကောင်းကင်ကေဘယ်များကို မြေအောက်စနစ်သို့ပြောင်းလဲခင်း ကျင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့ တော်စည်ပင် လမ်းနှင့် တံတားဌာနဌာနမှူးဦးလင်းခိုင်၏ ပြောကြားချက်အရ သိရသည်။ ၎င်းက သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းတွင်ကျင်းပသည့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအ တွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ လျှပ် စစ်တိုင်များပေါ်တွင် အင်တာနက်နှင့် ဆက်သွယ်ရေးကေဘယ်ကြိုးများ ဆက်လက်ရှင်းလင်းရေးဆိုင်ရာ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးစဥ် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆ဝ)ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071