Thursday, July 2, 2026

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးပုဂ္ဂိုလ်များအတွက် One-Stop Service...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးပုဂ္ဂိုလ်များ ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေစွာ ရရှိစေရန် ရည်ရွယ်၍ သက်ကြီးကျန်းမာ ဘက်စုံစောင့်ရှောက်ကုသမှု (One-Stop Service) ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း...

ဖလမ်းယာယီဆေးရုံတွင် လူနာ (၁,၀၈၈) ဦးကို...

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန်လ ၃၀ ရက်က...

တရုတ်က ထိုင်ဝမ်အရေးကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို...

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဇူလိုင်...

နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာတွင် သီတင်းသုံးတော်မူသည့် နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင် အရှင်ပညာဝံသ (ဒေါက်တာဖေဉာဏ်) သည် ယနေ့ ဇူလိုင်...
HomeMoviesအပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲ...

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပအတိုးတက်ဆုံး အားကစားသမားဆုများနှင့် ပြိုင်ပွဲဆုများ ချီးမြှင့်

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီး Recurve နှင့် Compound အမျိုးအစားများအတွက် Ranking Round၊ အကြိုဗိုလ်လုပွဲများနှင့် ဗိုလ်လုပွဲများကို ကျင်းပခဲ့ပြီး အားကစားသမားများက ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲအပြီး ကျင်းပသည့် ဆုချီးမြှင့်ပွဲတွင် အမျိုးသား အတိုးတက်ဆုံးအားကစားသမားဆု ကို မောင်မျိုးသူရမျိုးဆက်ကလည်းကောင်း၊ အမျိုးသမီး အတိုးတက်ဆုံးအားကစားသမားဆု ကို မနီနီဝင်းကလည်းကောင်း ရရှိခဲ့ကြသည်။

ထို့ပြင် ၁၅ မီတာ Recurve တစ်ဦးချင်းပြိုင်ပွဲ တွင် မောင်မျိုးသူရမျိုးဆက်က ပထမ၊ မောင်ရဲရင့်ပိုင်က ဒုတိယနှင့် မောင်ချစ်ဦးက တတိယဆု၊ ၃၀ မီတာ Compound တစ်ဦးချင်းပြိုင်ပွဲ တွင် မနီနီဝင်းက ပထမ၊ မောင်ဝေယံထက်က ဒုတိယနှင့် မပွင့်မာလာသော်က တတိယဆု၊ ၃၀ မီတာ Recurve တစ်ဦးချင်းပြိုင်ပွဲ တွင် မစန္ဒာစိုးထွန်းက ပထမ၊ မချိုချိုဇင်က ဒုတိယနှင့် မမိုးစက်တင်က တတိယဆုတို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ဆုရရှိသူများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီး ဦးညီညီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သက်ကြီးပုဂ္ဂိုလ်များအတွက် One-Stop Service စနစ်ဖြင့် ဘက်စုံကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သက်ကြီးပုဂ္ဂိုလ်များ ကျန်းမာရေးဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေစွာ ရရှိစေရန် ရည်ရွယ်၍ သက်ကြီးကျန်းမာ ဘက်စုံစောင့်ရှောက်ကုသမှု (One-Stop Service) ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြင်ပလူနာဌာနတွင် ဆေးပညာဌာန၊ ဆီးချိုနှင့်ဟော်မုန်းဌာန၊ အရိုးနှင့်ထိခိုက်ဒဏ်ရာဌာန၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဌာန၊ အရေပြားဌာန၊ သွားနှင့်ခံတွင်းဌာန၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းအထူးကုဌာနနှင့် စိတ်ကျန်းမာရေးအထူးကုဌာနတို့မှ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း...

ဖလမ်းယာယီဆေးရုံတွင် လူနာ (၁,၀၈၈) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားတီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းနှင့် ဆေးရုံလုပ်ငန်းများကို ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန်လ ၃၀ ရက်က တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းအခြေအနေများနှင့် ဖလမ်းမြို့ရှိ ယာယီဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုပေးနေမှု အခြေအနေများကို သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းနှင့် ဗားရ်တံတားတို့ကို စစ်ဆေးခဲ့ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်းနှင့်တံတားများကို အမြန်ပြုပြင်ထိန်းသိမ်း၍ ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ရန်၊ မိုးရာသီအတွင်း လမ်းနှင့်တံတားများပေါ်တွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်နှင့် တောင်ပြိုမှုကြောင့်...

တရုတ်က ထိုင်ဝမ်အရေးကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်ဝမ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အထူးသတိထားကိုင်တွယ်ရန် အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ဇူလိုင် ၁ ရက်က တယ်လီဖုန်းဖြင့် ဆွေးနွေးစဉ် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အနည်းငယ်သော အပြောင်းအလဲတစ်ခုကပင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နှင့် အမေရိကန်တို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို အတူတကွ စီမံခန့်ခွဲသင့်ပြီး အပြန်အလှန်လေးစားမှုနှင့် တည်ငြိမ်သော ဆက်ဆံရေးကို တည်ဆောက်သွားရန် လိုအပ်ကြောင်း ဝမ်ယိက တိုက်တွန်းခဲ့သည်။ ယခုဖုန်းဆက်သွယ်ဆွေးနွေးမှုသည် တရုတ်သမ္မတ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071