ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မျက်မမြင်များလမ်းလျှောက်တုတ်နေ့ (International white Cane Day 🦯)ကို ရန်ကုန်မျက်မမြင်ကျောင်း ခဝဲခြံတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
The Myanmar Christian Fellowship of the BlindsMCFB ၏ ထုတ်ပြန်ချက်အရ ရန်ကုန်မျက်မမြင်ကျောင်း ခဝဲခြံမှ ကျောင်းသား/သူများ၊ ဝန်ထမ်းများသည် ရပ်ကွက်အတွင်း အတူတကွ လမ်းလျှောက်ခဲ့ကြကြောင်း ဆိုသည်။
လမ်းလျှောက်ပြီးနောက် ပါဝင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို မုန့်ဟင်းခါး၊အချိုရည်ဗူးတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်ဟုလည်း သိရသည်။
ဓာတ်ပုံ MCFB
