ငလျင်ကြောင့် ပျ-က်စီးမှုကြီးမားသည့် အနီရောင်အဆင့်သတ်မှတ်ထားသော အဆောက်အအုံများ အားလုံးဖြိုဖျ-က်ရန် မလိုအပ်သောကြောင့် နည်းပညာအသုံးပြု၍ ပြန်လည်ပြုပြင်နိုင်သော အဆောက်အအုံများကို ရွေးထုတ်၍ ပြုပြင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောသည်။
ငလျင်ဒဏ်ကြောင့် ပျ-က်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်း ဆိုင်ရာကိစ္စရပ်များအတွက် နည်းပညာ (Knowledge Sharing) ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အအုံများ၊ အထူးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ထိခို-က်ပျ-က်စီးခဲ့ပါကြောင်း၊ အဆောက်အအုံများပျ-က်စီးမှု အနည်းအများအလိုက် အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်အဖြစ် ခွဲခြားသတ်မှတ်ကာ သာမန်ပျ-က်စီးမှုဖြစ်သည့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း သိရသည်။
လိမ္မော်ရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံပျ-က်စီးမှုများကို နည်းပညာရှင်များ၏ အကူအညီကိုရယူပြီး ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကာ ပျက်စီးမှုကြီးမားသည့် အနီရောင်အဆင့်သတ်မှတ်ထားသော အဆောက်အအုံများ အားလုံးဖြိုဖျ-က်ရန် မလိုအပ်သောကြောင့် နည်းပညာအသုံးပြု၍ ပြန်လည်ပြုပြင်နိုင်သော အဆောက်အအုံများကိုရွေးထုတ်ပြီး မည်ကဲ့သို့ဆောင်ရွက်သင့်သည်ကို သိရှိရန် နည်းပညာဖြန့်ဝေသည့်အနေဖြင့် Knowledge Sharing ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
Level-1 (အဆင့်-၁)တွင် အနီရောင်အဆင့်သတ်မှတ်ထားသော အဆောက်အအုံများကို Structure ပညာရှင်များပါ ဝင်သောအဖွဲ့နှင့် Level-2(အဆင့်-၂)စစ်ဆေးရန် လိုအပ်ပြီး အချို့အဆောက်အအုံများအား Strengthening ပြန်လည်ပြုလုပ်ရန် Repair နှင့် Retrofit ပြုလုပ်ရမည်ဖြစ်ကြောင်း
၊ တချို့ Structure ကြီးကြီးမားမားထိခို-က်သည့် အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် မရနိုင်သည့်အတွက် ဖယ်ရှားရှင်းလင်းရမည်ဖြစ်ကြောင်း ဆွေးနွေးပွဲမှ သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငလျင်နှင့်ပတ်သက်၍ ခေါင်းစဉ်(၃) မျိုးအကြောင်း ဆွေးနွေးသွားခဲ့ပြီး Structure ပညာရှင်များသည် မြေပြင်တွင်ကွင်းဆင်းစစ်ဆေးပြီး Strengthening လက်တွေ့ဆောင်ရွက်နေသူများဖြစ်သည့်အတွက် အကြီးစားပျ-က်စီးနေသည့် အဆောက်အအုံများကို စစ်ဆေးရမည့်နည်းလမ်းများနှင့် ပြုပြင်ရမည့်နည်းစနစ်များကို ဆွေး နွေးကြမည်ဖြစ်ကြောင်း သိရသည်။