Thursday, May 7, 2026

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု...

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း:...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား...

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး...

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူများကို ခေါ်ယူလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ အဆိုပါသင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊...
HomeArticlesအကျီစားသန် ရန်ဖြစ်ရလိမ့်မယ်

အကျီစားသန် ရန်ဖြစ်ရလိမ့်မယ်

လူ့စရိုက်အထွေထွေထဲမှာ လူ အချင်းချင်းစတာ၊ နောက်တာ၊ ပြောင် တာ၊ လှောင်တာ၊ သရော်တာ၊ မကြားတကြား စောင်းမြောင်းပြော တာ၊ ကွယ်ရာမှာ အတင်းချတာ (gossip ဂေါ့ဇစ်လုပ်တာ) ထိကပါး ရိကပါးချိတ်တိတ်တိတ်ဝေဖန်တာ စတဲ့ လူ့အကျင့်တွေ ပါရှိနေကြတာ သဘာဝပါပဲ။

သို့သော် ဗုဒ္ဓဘာသာ ဝင် မြန်မာလူမျိုးတို့ရဲ့ ရှေးရိုးစဉ်လာ နီတိအဆုံးအမထဲမှာတော့ ပြောစရာ စကားတိုင်း မပြောကောင်းတဲ့ အကြောင်းပါရှိနေတယ်။ အဲသည် နီ တိကို ဆရာတစ်ပါးက (စကားခြောက် ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကို ဖယ်၊ နှစ်ခွန်းတည်) ရယ်လို့ မှတ်သားရ လွယ်အောင် လင်္ကာသွားနဲ့ စီမံရေး သားခဲ့ပါတယ်။ (နေရာမရလို့ အကျယ်မပြောတော့ပါ။) အဲဒါ ကြောင့် ‘လေအလကားရတာပဲ။ ပြောမကွာ’ဆိုပြီး ဇွတ်ပြောရင် ‘စ ကားကျွံတော့ နှုတ်မရ’ဆိုသလို ရာ ဇဝတ်သင့်ရင်လည်း သင့်မယ်။ ကိုယ့် ထမင်းကိုယ်စားပြီး သူများက မုန်း တာခံချင်လည်း ခံရမှာပါ။ ‘အပြောမ တတ်တော့ ဆဲသလို’ဆိုတဲ့ စကား အတိုင်း အပြောခံရတဲ့ လူက ဓားနဲ့ ထခုတ်၊ တုတ်နဲ့ ထရိုက်တာမျိုးလည်း ကြုံရတတ်ပါတယ်။

စာပေဆိုတာက လူ့စကားကနေ ဆင့်ပွားဖြစ်တည်လာတာဆိုတော့ လူ့အသိဥာဏ်၊ လူ့အကျင့်စရိုက်က လွတ်ကင်းပြီး စာပေတစ်စုံတစ်ရာကို ဖန်တီးလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ နားလည်နေကြတဲ့ ‘စာပေရသ ၉ ပါး’ ဆိုတာဟာ လူ့စရိုက်အရ ခွဲခြားသတ် မှတ်လိုက်တဲ့ စာပေအရသာ ၉ မျိုး ပါ။ စာပေအမျိုးအစားတွေကတော့ ၉ မျိုးမကဘဲ၊ အရေအတွက်တွေ တစ်ပုံကြီးရယ်။

စာပေအမျိုးအစားတွေထဲကမှ ‘သရော်စာ’ဆိုတာ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့၊ ကျွန်တော်တို့ဆီက စာ ပေပုံသဏ္ဌာန်အသစ်ပါ။ တစ်နည်း အားဖြင့် အနောက်တိုင်းအင်္ဂလိပ် စာပေဆီကနေ နည်းနိဿယခံယူ လိုက်တဲ့ ‘မွေးစား’စာပေပုံစံပါ။ ရှေး ဂန္တဝင်မြန်မာစာပေမှာ ‘သရော်စာ’ မရှိရကောင်းလားဆိုပြီး ဒေါမနဿ မဖြစ်ကြပါနဲ့။ သရော်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်မြန်မာတို့ အယူအရ သမ္ဖပ္ပလာပဝါစာ (အကျိုးမရှိ၊ သိမ် ဖျင်းတဲ့စကား) ဖြစ်နေတာကြောင့် ရှေးဂန္တဝင်စာဆိုများဟာ သရော်စာ ကို တတ်နိုင်သလောက် ရှောင်ကွင်း ခဲ့ကြပါတယ်။ သရော်စာမရေးကြ တော့ ရန်ပွဲလည်း ဝေးသွားကြတဲ့ သဘောပါ။ ပြောင်တာ၊ လှောင်တာ၊ သရော်တာကို သည်းခံနိုင်တဲ့သူက အရှားသားကိုး။ ‘ငါ့ကို လာမထိနဲ့၊ ထိ တာနဲ့ ငါက ပြန်တွယ်မှာပဲ”ဆိုတဲ့ မာနရှင်တွေက အပေါသားမဟုတ် လား။

မန်လည်ဆရာတော်ဘုရားကြီး လို စာတတ်ပုဂ္ဂိုလ်ကြီးအကျင့်သိက္ခာ မြင့်မားလှတဲ့ ပုဂ္ဂိုလ်ထူးကြီးတောင် သူ့ရဲ့စာပေဂုဏ်သိက္ခာကို ထိပါးလာ တော့ သီလရှင်မယ်ကင်းဆိုတဲ့ စာ တတ်ပေတတ် သီလရှင်တစ်ပါးနဲ့ အပြန်အလှန် (စာပေလက်နက်နဲ့) ဆော်ကြ၊ ကလော်ခဲ့ကြသေးတာပဲ။ သူတို့သုံးစွဲတဲ့ စာပေလက်နက်ရဲ့ အမျိုးအစားကို ကြည့်လိုက်တော့ ‘သ ရော်စာ’ဖြစ်နေပါရောလား။

ရတနာပုံမန္တလေးခေတ်တုန်းက လည်း စာဆိုနှစ်ယောက်ဖြစ်တဲ့ စလေဦးပုညနဲ့ အချုပ်တန်းဆရာဖေ တို့ အပြန်အလှန် တွယ်ကြတာပဲ။ ကျွန်တော်မှတ်မိတဲ့ ဦးပုညရဲ့ စာ သားကလေးကတော့ (ခါးတောင်း ကျိုက်ပိတုံးပိတ်နှင့် ကျုံးထိပ်က ငဖေ၊ ကုန်း ပြိတ္တာ တစ္ဆေလို)ဆိုတဲ့။ အလွန်ပြင်းထန်တဲ့ နှိမ့်ချချိုးဖဲ့တဲ့စာ သားတွေပါပဲ။ အဲသည်တုန်းက ကျွန် တော်သာ အချုပ်တန်းဆရာဖေ ဖြစ် ခဲ့ရင် စလေဦးပုညကို ဓားနဲ့ ပြေးခုတ် မိမလား မဆိုနိုင်ဘူး။

ကျွန်တော်အား မလိုအားမရဖြစ်မိတာက ရတနာပုံ ခေတ်မှာ အလွန်ရှားပါးတဲ့ စာဆိုနှစ် ယောက် တစ်မြို့တည်းနေကြပြီး မ တည့်ကြတာပဲ။ ရတနာပုံခေတ်က တည်းက စာရေးဆရာချင်း၊ ကဗျာ ဆရာချင်း မတည့်ကြတဲ့ အကျင့်ဟာ လက်ရှိခေတ်အထိ ပါလာတာကိုပါ တွေ့နေရတယ်။ နိုင်ငံရေးသမားချင်း မတည့်တာကို ထားတော့။ သူတို့က အာဏာလုဘက်တွေဆိုတော့ မတည့် တာ သဘာဝကျတယ်။ စာပေသမား ချင်း မတည့်တာကျတော့ တွေးရ ခက်တယ်။ သူတို့မှာ ဘာကိုများ လု စရာရှိလို့လဲ။ နှစ်ဦးစလုံး လူဆင်းရဲ အမွဲအငတ်တွေ။ လုစရာရှိရင် သူတို့ နှစ်ယောက် သင်္ချိုင်းကုန်းက မြေနေ ရာပဲ လုစရာရှိတော့တယ်။

ကျွန်တော်စာပေနယ်ထဲ မ ရောက်ခင်။ လွတ်လပ်ရေးခေတ်၊ ပါ လီမန်ဒီမိုကရေစီခေတ်ကတည်းက စာပေသမားအချင်းချင်း ငြိကြတယ်။ ဝါဒရေးရာတွေ ငြင်းခုန်ကြရင်း က လောင်တစ်ပွဲနွှဲကြပါတယ်။ (ဟဲဟဲ) ဘယ်သူမှ သင်္ချိုင်းမရောက်၊ ဆေးရုံ မရောက်ခဲ့ကြပါဘူး။

တော်လှန်ရေးကောင်စီခေတ် မှာ ထင်ရှားတဲ့ စီးချင်းထိုးပွဲကတော့ ရန်ကုန်က စာရေးဆရာကဗျာဆရာ ကြီး ဒေါင်းနွယ်ဆွေနဲ့ မန္တလေးက စာ ပေဝေဖန်ရေးသမား မောင်စွမ်းရည် တို့ရဲ့ စာပေလက်နက်ချင်းထိုးနှက် တိုက်ခိုက်ကြတဲ့ ပွဲကြမ်းပွဲရမ်းပါ။ လူ ချင်းတွေ့ရင် နပန်းလုံးမတတ် ပြင်း ထန်ခဲ့ပါတယ်။ ခုတော့ ဆရာဒေါင်း နွယ်ဆွေ မရှိရှာတော့ပါ။ ဆရာ မောင်စွမ်းရည်ကတော့ ပြည်ပမှာ မာမာချာချာပါပဲ။

အဲသည်နောက်ပိုင်း (မဆလ) ခေတ်တစ်လျှောက် စာပေလောက မှာ ‘ဝေဖန်ရေး’လှိုင်းထခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဝေဖန်ရာက နေ ပွတ်တိုက်မှုဖြစ်ပြီး ‘စာကိုမချ၊ လူ ကိုချ’တဲ့ ဖောင်း Foul တွေ ပေါ်လာ ပါတယ်။ ဒါပေမဲ့ ‘စာရေးဆရာမောင် ကကြီးနဲ့ ဝေဖန်ရေးဆရာ မောင်န ငယ်တို့ ထိုးကြိတ်ဆဲဆိုကြသည်”ဆိုတဲ့ သတင်းမျိုး မကြားရပါဘူး။ တစ်ခါ တော့ ကျွန်တော့် သူငယ်ချင်းတစ် ယောက်က မျက်နှာကြီး ရှုံ့မဲ့ပြီး လာ ပြောတယ်။

“စာမျက်နှာပေါ်မှာ အချင်းချင်း အလဲအကွဲဆော်နေတဲ့ စာရေးဆရာ နှစ်ယောက်ကို ငါလက်ဖက်ရည်ဆိုင် မှာ တွေ့ခဲ့သကွ။ တစ်ဝိုင်းထဲမှာ ထိုင် ပြီး ရယ်လို့မောလို့ဗျ။ ဘယ်လိုလူတွေ ပါလိမ့်”

“စာကစာ၊ လူကလူ၊ စည်းခြား ထားတဲ့ သဘောပေါ့လကွာ”

“အဲသည်လူတွေ ပွဲဆူအောင် စည်းဝါးရိုက်ပြီး လုပ်စားနေကြသ လား မသိဘူး။ မင်းတို့ စာရေးဆရာ တွေကို မယုံရဘူး။ သိပ်ပြီး မာယာ ပရိယာယ် ကြွယ်ဝကြတယ်။ ပလီစိ ချောက်ချက်အရမ်းပြောတတ်ကြ တယ်။ မင်းကို သတိထားပြီး ဆက်ဆံ ရတော့မယ်”

“ဒါတော့ မင့်သဘော၊ မင့်သ ဘော ရွှေစိတ်တော်ကြိုက်သလိုပပါ သူငယ်ချင်း၊ မင့်သဘောရှိပါ သူငယ် ချင်း”

တကယ်ပါပဲ။ အဲသည် သူငယ် ချင်းဟာ နောက်ပိုင်းမှာ ကျွန်တော့် ကို ခပ်တန်းတန်းပဲ ဆက်ဆံပါတော့ တယ်။ နာသဗျာ၊ သိပ်နာတယ်။ သည်ကောင့်ဆီက ပိုက်ဆံမှ ချေးလို့ မရတော့ဘဲကိုး။

Satire ခေါ်တဲ့ ‘သရော်စာ’ ဟူ သည် အရေးရ အသားရ ခက်သလို၊ အန္တရာယ်လည်း များပါသတဲ့။

Satire ကို ဆရာကြီးတစ်ဦးက ‘ဆက်တိုင်းယား’လို့ အသံလှယ်ပါ တယ်။ ကျွန်တော်ကတော့ မြန်မာပီ ပီ ‘သရော်စာ’လို့ပဲ သုံးပါတယ်။ ရှေ့ မှာ ပြောခဲ့သလို၊ သရော်စာဟာ အင်္ဂလိပ်စာပေမှာ သန္ဓေတည်ခဲ့ပါ တယ်။ သုတေသီများကတော့ ခရစ် နှစ် ၁၃၄၃ မှာမွေးပြီး ၁၄ဝဝ ပြည့် နှစ်မှာဆုံးရှာတဲ့ အင်္ဂလိပ်စာဆို ‘ဂျက် ဖရီချောဆာ’က သရော်စာကို တီ ထွင်ခဲ့တယ်လို့ မှတ်တမ်းတင်ခဲ့ကြပါ တယ်။

ကွယ်လွန်သူဆရာတစ်ပါးဖြစ် တဲ့ ‘လူထုစိန်ဝင်း’က ကျွန်တော့်ကို တစ်ခါတုန်းက အကြံပြုလမ်းညွှန် စကားပြောတယ်။

‘ကိုကြူးနှစ်၊ ခင်ဗျား သရော်စာ ရေးပါ။ ခင်ဗျားရဲ့ လက်က သရော် စာရေးတဲ့လက်၊ ခင်ဗျားလေက သရော်တဲ့လေဗျ”

“မလုပ်ပါနဲ့ ဆရာရယ် နဂိုကမှ သူ့အလိုလိုနေရင်း လူမုန်းများတဲ့ အကောင်၊ သည်အကောင် သရော် စာရေးရင် တစ်ကမ္ဘာလုံးက သူ့ကို ဝိုင်းမုန်းကြတော့မှာ”လို့ တောင်းပန် ခဲ့ရပါတယ်။

ခက်တာက တစ်ခါတစ်ခါအမှတ် တမဲ့ သရော်တော်တော်ရေးမိတဲ့အခါ မုန်းတဲ့သူတိုးလာပြန်ပါတယ်။ ပိုဆိုး တာကတော့ ကိုယ်သရော်တဲ့သူကို “ဟီးဟီး …ငါက ပျော်စေ ပျက် စေ၊ ကလက်စေဆိုပြီး ကျီစားလိုက် တာပါ၊ ဗွေမယူပါနဲ့”လို့ သွားတောင်း ပန်မိရင်လည်း “အရူးကွက်နင်းတယ်” လို့ အထင်ခံရဦးမှာ။

ဆရာ့ဆရာတွေ ဆုံးမခဲ့တာ အမှန်သား။ ဆက်တိုင်းယားရေးရ တာ အန္တရာယ်ကြီးလှပါတယ်။

ကြူးနှစ်

Ads Space Available


Continue reading

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်မှတ်တမ်း

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း: နှစ်ပေါင်း ၁၀၀ ကျော် (ကိုလိုနီခေတ် မြေပုံအငြင်းပွားမှုမှ အစပြု)။ သံတမန်ဆက်ဆံရေးသက်တမ်း: ၇၅ နှစ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု: ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက် ထိခိုက်မှု: ကမ္ဘောဒီးယားဘက်မှ ၁ ဦး ‌ေ-သဆုံး။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက် Timeline ကြားဝင်စေ့စပ်မှု ပုံစံများ ၁။ Track I (တရားဝင်လမ်းကြောင်း): ဝန်ကြီးဌာနအချင်းချင်း တိုက်ရိုက်ချိတ်ဆက်ခြင်း။၂။...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား လုပ်ငန်းခွင်မတော်တဆမှုကြောင့် ‌ေ-သဆုံး  ၎င်း‌ေ-သဆုံးမှုအတွက် စက်ရုံပိုင်ရှင်ကတာဝန်ယူ ဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍ ‌ေ-သဆုံးသွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။ မခိုင်သဇင်ဝင်းသည် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ကိုင်နေစဥ် သံစည်းနှင့်ရိုက်မိရာမှ ပြင်းထန်ဒ-ဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား ဘန်ဖီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ‌ေ-သဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ၏ အကူအညီတောင်းခံမှုကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ယနေ့ မေ ၇ ရက်တွင် ကူညီမှုများကိုစတင်ပြုလုပ်ပေးလျက်ရှိပြီး စက်ရုံပိုင်ရှင်ဖြစ်သူမှလည်း ဖြစ်စဥ်အတွက်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မခိုင်သဇင်ဝင်းသည် မြန်မာနိုင်ငံ၊...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး ကောင်းရပြီး မန္တလေးဈေးကွက် အရောင်းသွက်

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ် လိုအား တိုးလာသဖြင့် ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာကာ ကုန်စည်ဒိုင်များတွင် အရောင်းအဝယ် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ မန္တလေးဈေးကွက်အတွင်း ပဲတီစိမ်းအရည်အသွေးကောင်းများမှာ ယခင်ကထက် ဈေးနှုန်းပိုမိုရရှိနေပြီး နယ်စုံမှ ဝင်ရောက်လာသည့် ပဲများလည်း အဝယ်လိုက်လျက်ရှိကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ "ပြည်ပအဝယ်ရှိနေတော့ ပဲတီစိမ်းက ဈေးကောင်းရနေတ ယ်။ အရောင်းအဝယ်လည်း သွက်တယ်။ အရည်အသွေးကောင်းတဲ့ပဲတွေဆို ပိုပြီး အဝယ်လိုက်တယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071