လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၃ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် MAI Career Fair 2026 ကာလအတွင်း MAI ၏ HR Partner ဖြစ်သော JobNet ၏ QR Code ကို Scan ပြုလုပ်၍ ကိုယ်ရေးအချက်အလက်များအား ပေးပို့နိုင်မည်ဖြစ်ကာ လူတွေ့မေးမြန်းမှုများကိုလည်းပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MAI Career Fair 2026 တွင် MAI နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Food & Beverage Partners များလည်းပါဝင်မည်ဖြစ်ကာ Aviation Industry နှင့် သက်ဆိုင်သည့် Knowledge Sharing Sessions များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
