လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် PDF အဖွဲ့ဝင် အမျိုးသား(၁၃၃)ဦးနှင့် အမျိုးသမီး (၁၃)ဦး(စုစုပေါင်း ၁၄၆ ဦး)ကို ယနေ့ မေ ၁၅ ရက်က မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ မုံရွာတပ် နယ်၊ စစ်ကိုင်းတပ်နယ်၊ ကလေးတပ်နယ်၊ ရွှေဘိုတပ် နယ်တို့တွင် မိဘအုပ်ထိန်းသူများထံသို့ အခမ်းအနားဖြင့်ပြန်လည်အပ်နှံရာ အလင်းဝင်လာသူများက ၎င်းတို့ပါရှိလာသော လက်နက်ခဲယမ်းများကို တာဝန်ရှိသူများထံအပ်နှံခဲ့ကြကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများအ တွက် ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး အလင်းဝင်လာသူများကို ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
